သြစတြေးလျအိုးပင်း

January 28, 2019

နာမည်ကြီး နဒါးလ်ကို ၃ ပွဲပြတ်နိုင်ပြီး ဂျိုကိုဗစ် သြစတြေးလျအိုးပင်းဖလား ဆွတ်ခူး

ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ စပိန်နာမည်ကြီး နဒါးလ်ကို ဗိုလ်လုပွဲမှာ ၆-၃၊ ၆-၂၊ ၆-၃ နဲ့ ၃ ပွဲပြတ် အနိုင်ရပြီး ၁၅ ကြိမ်မြောက် ဂရင်းစလင်း ဆုဖလားအဖြစ် သြစတြေးလျအိုးပင်း ဖလားကို ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်ဟာ နဒါးလ်ကို အသာအယာကစားပြီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ နဒါးလ်ရဲ့ ပွဲအစပိုင်း အမှားတွေက ဂျိုကိုဗစ်အတွက် ချန်ပီယံဆု ရရှိစေခဲ့တာပါ။ နဒါးလ်အနေနဲ့ အခုပြိုင်ပွဲမှာ ပွဲစကတည်းက ပွဲစဉ်တလျှောက် ရာနှုန်းပြည့်နိုင်ပွဲနဲ့ ဗိုလ်လုပွဲ ရောက်လာခဲ့ပေမယ့် ဂျိုကိုဗစ်နဲ့ကတော့ အမှန်တကယ်ပဲ လက်ရည်ကွာခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ အားပါတိကျတဲ့ ရိုက်ချက်တွေနဲ့ နဒါးလ်ကို အလုပ်ရှုပ်စေခဲ့ပြီး သူ့ရဲ့လက်စွမ်းကောင်းကို အပြည့်အဝ ပြသနိုင်ခဲ့ပါတယ်။ ချန်ပီယံ ဂျိုကိုဗစ်ဟာ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၃ သန်း ရရှိခဲ့ပြီး နဒါးလ်ကတော့ ၁ သန်းခွဲ ရရှိခဲ့ပါတယ်။ အမျိုးသမီးပြိုင်ပွဲမှာတော့ ဂျပန်နိုင်ငံသူ အိုဆာကာက ပြိုင်ဘက် ဗီတိုဗာကို ထိုက်ထိုက်တန်တန် အနိုင်ရပြီး ယူအက်စ်အိုးပင်းမှာလည်း ဗိုလ်စွဲခဲ့တာကြောင့် နှစ်ပွဲဆက် ချန်ပီယံဘွဲ့ ရရှိခဲ့ပါတယ်။
3 years Ago

January 25, 2017

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ရော်ဂျာ ဖက်ဒရာ ၃ ပွဲပြတ်နိုင်ပြီး ဆီမီးတက်

ဇန်နဝါရီ ၂၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ ရော်ဂျာ ဖက်ဒရာက ဂျာမနီက ဇာဘရတ်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ အသက် ၃၅ နှစ်အရွယ် ဖက်ဒရာအတွက်တော့ ၁၃ ကြိမ်မြောက်အဖြစ် သြစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၅၀ ဖြစ်တဲ့ ဇာဘရတ်ဟာ ကမ္ဘာ့နံပါတ် ၁ ဖြစ်တဲ့ အင်ဒီ မာရေးကို စတုတ္ထအဆင့်မှာ အနိုင်ယူလာသူလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဖက်ဒရာဟာ လက်ရည်အသာစီးနဲ့ ရိုက်နိုင်ခဲ့ပြီး ပထမပွဲကို အမှတ်ပြတ် ၆ - ၁၊ ဒုတိယပွဲကိုတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီး ၇ - ၅ နဲ့ အနိုင်ရသွားတာပါ။ နောက်ဆုံးပွဲမှာတော့ လက်ရှိ ကမ္ဘာ့အဆင့် ၁၇ ဖြစ်တဲ့ ဖက်ဒရာက ၆ - ၂ နဲ့ အနိုင်ယူသွားပါတယ်။ ဆွစ်ဇာလန်နိုင်ငံသား ဖက်ဒရာဟာ ဆီမီးဖိုင်နယ်မှာ တနိုင်ငံတည်းက ဝါရင်ကာနဲ့ ဆုံရမှာပါ။ ဖက်ဒရာဟာ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် ၁၈ ကြိမ်မြောက် ဂရန်းစလန်း ဆုဖလားကို ရယူနိုင်မှာ ဖြစ်ပါတယ်။
5 years Ago
Up