သမုဒ္ဒရာပိုင်းမှာ ချန်ပီယံ အကြိမ်ကြိမ်ရပြီးနောက် အာရှဇုန်ထဲ ဝင်ရောက်ခဲ့တဲ့ သြစတြေးလျတို့ ကမ္ဘာ့ဖလားမှာတော့ အောင်မြင်မှုရဖို့ ကြိုးစားနေရဆဲပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲကို စုစုပေါင်း ၄ ကြိမ် ဝင်ပြိုင်ဖူးပြီး ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားတုန်းက ၁၆ သင်းအဆင့် တက်ခဲ့တာက အမြင့်ဆုံး အောင်မြင်မှု ဖြစ်ပါတယ်။
ခြေစစ်ပွဲတုန်းက Play Off အဆင့် ဆက်ကစားခဲ့ရပြီး ကွန်ကာကပ်ဖ်ဇုန်က ဟွန်ဒူးရပ်စ်ကို နှစ်ကျော့ပေါင်း ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်ပြိုင်ပွဲဆီ တက်လှမ်းလာခဲ့တာပါ။
ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ခဲ့တဲ့ ပြည်တွင်းနည်းပြ ပို့စ်တီဂိုဂလူကို ထုတ်ပယ်ခဲ့ပြီး ဟော်လန်နဲ့ ဆော်ဒီအာရေဗျအသင်းတွေကို ကိုင်တွယ်ဖူးတဲ့ ဝါရင့်နည်းပြ ဗန်မာဝစ်ကို အခုနှစ်ဆန်းပိုင်းကပဲ ခန့်အပ်ခဲ့ပါတယ်။
ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၄၀ မှာရှိနေတဲ့ သြစတြေးလျအသင်းကို တင်ကာဟေးလ်၊ ဂျီဒီနက်ခ်နဲ့ အာရွန်မွိုင်းတို့လို အင်္ဂလန်အခြေစိုက် ကစားသမားတွေက ဦးဆောင်ကစားမှာပါ။
အုပ်စုအဆင့်မှာ နာမည်ကြီး ပြင်သစ်နဲ့အတူ ဒိန်းမတ်၊ ပီရူးတို့နဲ့ တွေ့ဆုံနေတဲ့ သြစတြေးလျအဖို့ ပြီးခဲ့တဲ့ ၂ နှစ်ဆက် အုပ်စုအဆင့်က ထွက်ခဲ့ရမှုကို ချေဖျက်ပြဖို့တော့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
သြစတြေးလျအသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ပြင်သစ်အသင်းနဲ့ လာမယ့် ဇွန်လ ၁၆ ရက်နေ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
သြစတြေးလျ လက်ရွေးစင်အသင်း ပဏာမကစားများ
ဂိုး - မတ်ရိုင်ယန် (ဘရိုက်တန်)၊ ဒန်နီ ဗူကိုဗစ် (ဂျ့န်ခ်)၊ ဘရတ်ဒ်ဂျုံးစ် (ဖေယင်နု)
နောက်တန်း - အဇစ်ဇ် ဘီဟစ်ခ်ျ (ဘာဆာစ်ပေါ်)၊ မီလို့စ် ဒီဂျီနက်ခ် (ယိုကိုဟားမား)၊ မက်သယူး ဂျာမန် (ဆူဝန်ဘလူးဝင်းစ်)၊ ဂျိမ်းစ်မီရီဒစ်သ် (မီလ်ဝေါလ်)၊ ဂျို့ရှ်ရစ်ဒန် (ဝက်စတန်းဆစ်ဒနီဝမ်းဒါးရားစ်)၊ ထရန့်စိန်းစ်ဘူရီ (ဂရပ်စ်ဟော့ပါးဇူးရစ်ခ်ျ)၊ ဖရန် ကာရာဆစ် (လိုကိုမိုတီဗာ ဇာဂရက်ဘ်)
အလယ်တန်း - ဂျို့ရှ် ဘရေးလန့်တ် (ဆစ်ဒနီအက်ဖ်စီ)၊ မိုင်းလ် ဂျီဒီနက်ခ် (အက်စ်တွန်ဗီလာ)၊ မာ့ခ်မီလီဂန် (အယ်လ်အာလီ)၊ ရောဘီခရုစ် (ဘိုချမ်)၊ ဂျက်စင်အိုင်ဗင်း (ဟားလ်စီးတီး)၊ မက်စီမို လူအွန်ဂို (ကျူပီအာ)၊ အာရွန်မွိုင်း (ဟတ်ဒါစ်ဖီးလ်ဒ်)၊ တွမ်ရိုဂျစ် (ဆဲလ်တစ်)၊ ဂျိမ်းစ် ထရိုင်စီ (မဲလ်ဘုန်း ဗစ်ထရီ)
ရှေ့တန်း - တင်မ်ကာဟေးလ် (မီလ်ဝေါလ်)၊ တိုမီ ဂျူရစ် (အက်ဖ်စီလူဇန်)၊ မက်သယူး လက်ကီ (ဟာသာဘာလင်)၊ အန်ဒရူး နပ်ဘ်ဘောက် (အူရာဝါရက်ဒ်ဒိုင်းမွန်း)၊ နိကိတာ ရူကာဗစ်ဆ်ရာ (မက်ကာဘီဟိုင်ဖာ)၊ ဒီမီထရီ ပီထရာတို့စ် (နယူးကာဆယ်ဂျက်စ်)၊ ဒန်နီယယ် အာဇာနီ (မဲလ်ဘုန်းစီးတီး)
5 years Ago