သြစတြေးလျတွင် မြက်ခြောက်ပင်များ လွင့်ပြီး လူနေအိမ်များကို ဖုံးလွှမ်း

A d v e r t i s e m e n t With Us

February 19, 2016

သြစတြေးလျတွင် မြက်ခြောက်ပင်များ လွင့်ပြီး လူနေအိမ်များကို ဖုံးလွှမ်း (ရုပ်သံ)

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း ၀ိတိုရိယပြည်နယ်မှာ မြက်ခြောက်ပင်တွေ လေနဲ့အတူ လွင့်လာပြီး လူနေအိမ်တွေမှာ စုပုံနေလို့ ဒေသခံတွေ နေ့စဉ်နဲ့အမျှ ရှင်းလင်းနေကြရပါတယ်။ ၀ိတိုရိယပြည်နယ် အရှေ့တောင်ပိုင်းက ၀မ်ဂရာတာ (Wangaratta) မြို့မှာ ရာသီဥတု ပူပြင်းခြောက်သွေ့နေပြီး ဒီမြက်ခြောက်တွေဟာ အိမ်ဝန်းတွေထဲ နေ့စဉ်နဲ့အမျှ ကျရောက်နေပြီး တခါတလေ အိမ်ခေါင်မိုးအထိတောင် ရောက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ "မနေ့က ဒီမြက်ခြောက်တွေကို  ရှင်းလင်းရတာ ၈ နာရီတောင်ကြာခဲ့ပြီး ဒီနေ့ ပြန်ရောက်နေပြန်ပြီ" လို့လည်း ဒေသခံတဦးက ပြောပါတယ်။ ဒီမြက်ခြောက်တွေကို သြစတြေးလျ ပြည်နယ်တိုင်းလိုလိုမှာ တွေ့ရပြီး လူတွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို အန္တရာယ်တော့ မဖြစ်ပေမယ့် အမှိုက်ကတော့ အတော်ကို ရှုပ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ မီးဘေးအန္တရာယ်လည်း မရှိတဲ့အတွက် အာဏာပိုင်တွေက မရှင်းလင်းပေးဘူးလို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up