သြစတြေးလျတွင် ဆေးသုတေသနအတွက် ဆေးခြောက်စိုက်ခွင့်ပေးမည်

A d v e r t i s e m e n t With Us

February 10, 2016

သြစတြေးလျတွင် ဆေးသုတေသနအတွက် ဆေးခြောက်စိုက်ခွင့်ပေးမည်

သြစတြေးလျနိုင်ငံမှာ ဆေးသုတေသနအတွက် ဆေးခြောက်ကို တရားဝင်လိုင်စင်ထုတ်ပေးမယ့် ဥပဒေကြမ်းတရပ် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ နှစ်ငါးဆယ်ကြာ သက်တမ်းရှိ ဆေးဝါးနဲ့ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြင်ဆင်ပြီး ဆေးခြောက်စိုက်သူတွေအတွက် လိုင်စင်ချပေးတဲ့ အစီအစဉ်ချမှတ်ပေးဖို့ဖြစ်တယ်လို့ သြစတေးလျအသံလွှင့်ကော်ပိုရေးရှင်းက ဒီနေ့ ပြောပါတယ်။ ဆေးခြောက်ကို  နာတာရှည် နာကျင်မှု ခံစားရတဲ့ အခြေအနေ၊ စိတ်ဖိစီးမှုကနေ သက်သာစေတဲ့ ဆေးဝါးတွေဖော်စပ်ဖို့ သိပံ္ပနည်းကျသုတေသနပြုရာမှာ အသုံးပြုဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီး Sussan Ley က ဒီဥပဒေကြမ်းဟာ သြစတြေးလျနိုင်ငံတလွှားမှာ တရားမ၀င် သတ်မှတ်ထားတဲ့ အပန်းဖြေဖို့အတွက် ဆေခြောက်အသုံးပြုမှုနဲ့ လုံးဝမဆိုင်ကြောင်း ပြောပါတယ်။
5 years Ago
Up