သြစတြေးလျတွင် လမ်းပေါ်သွားနေသူများကို လူတဦး ကားဖြင့်ဝင်တိုက်၊ ၁၂ ဦး ဒဏ်ရာရ

December 21, 2017

သြစတြေးလျတွင် လမ်းပေါ်သွားနေသူများကို လူတဦး ကားဖြင့်ဝင်တိုက်၊ ၁၂ ဦး ဒဏ်ရာရ

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ လူစည်ကားရာနေရာမှာ ဒီဇင်ဘာ ၂၁ ရက်နေ့က လူတဦး လမ်းပေါ်သွားလာနေသူတွေကို ကားနဲ့ဝင်တိုက်ခဲ့တာကြောင့် ၁၂ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးကို ချက်ချင်း ဆေးရုံပို့လိုက်ရပါတယ်။ ဆေးရုံပို့သူ ၂ ဦးအနက် ၁ ဦးဟာ မူကြိုကလေးငယ်ဖြစ်တယ်လို့ ဗစ်တိုးရီးယား လူနာတင်ယာဉ်အဖွဲ့က ပြောပါတယ်။ ဒေသအခြေစိုက် သတင်းမီဒီယာတွေကတော့ ဒဏ်ရာရသူဟာ အနည်းဆုံး ၅ ဦးကနေ ၁၆ ဦးကြားရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ သြစတြေးလျရဲတပ်ဖွဲ့ကတော့ လူဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်ဆိုတာကို အတိအကျ သတင်းမထုတ်ပြန်သေးပါဘူး။ သြစတြေးလျရဲတပ်ဖွဲ့က ကားသမားကို ချက်ချင်းဖမ်းဆီးခဲ့ပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်စပ်နေသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up