သြစတြေးလျနိုင်ငံမှာ မိုးသည်းထန်ပြီးနောက် မြစ်ရေကြီးမှုတွေနဲ့ ကြုံနေရပါတယ်။
ဗစ်တိုးရီးယားပြည်နယ်ထဲက တချို့အစိတ်အပိုင်းတွေနဲ့ နိုင်ငံတောင်ပိုင်းဒေသတွေမှာ ရေကြီးနေတာပါ။
နာမည်ကျော် ၀ိုင်အရက်တွေထွက်တဲ့ Adelaide Hills ဒေသမှာလည်း ရေကြီးနိုင်တဲ့ အခြေအနေ ရှိတယ်လို့ အရေးပေါ်ဌာနက သတိပေးထားပါတယ်။
ဗစ်တိုးရီးယားပြည်နယ်ထဲမှာရှိတဲ့ လှပတဲ့ Great Ocean Road လမ်းမကြီးပေါ်မှာလည်း မြေပြိုနေပါတယ်။
သတင်းတွေအရ Wallacedale မြို့မှာ မြစ်ရေနဲ့အတူပါသွားတဲ့ ကားပေါ်က လူတဦး ပျောက်ဆုံးနေပါတယ်။
မိုးတွေ အဆက်မပြတ်ရွာနေတာ တောင်ပိုင်းဒေသကို ဆက်လက် ရွေ့လျားနေလို့ Tasmania ပြည်နယ်မှာ ရေကြီးနိုင်သေးတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
6 years Ago