သြစတြေးလျက ကမ္ဘာ့ချန်ပီယံများ သစ်တုံးခုတ်ပြိုင်ပွဲ (ရုပ်သံ)

May 29, 2016

သြစတြေးလျက ကမ္ဘာ့ချန်ပီယံများ သစ်တုံးခုတ်ပြိုင်ပွဲ (ရုပ်သံ)

သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ သစ်တုံးခုတ်ပိုင်းပြိုင်ပွဲမှာ အသက် ၂၀ အရွယ် သြစတြေးလျလူငယ်က အနိုင်ရသွားပါတယ်။ နောက်ဆုံး ဗိုလ်လုပွဲမှာ ဘရေးဒွန်းမေယာ ဆိုတဲ့ လူငယ်ဟာ  ကမ္ဘာ့ချန်ပီယံ ၇ ကြိမ် ရရှိခဲ့ဖူးတဲ့ ဂျက်ဆင်ဝိန်းရတ်ကို အနိုင်ရခဲ့တာပါ။ ဒီပြိုင်ပွဲဟာ တကမ္ဘာလုံးက သစ်တုံးခုတ်ပိုင်းပြိုင်ပွဲတွေမှာ အနိုင်ရသူ ၈ ယောက်တည်း ယှဉ်ပြိုင်ရတဲ့ပွဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၇၀၀ အမြင့်မှာရှိတဲ့ တေရိုလိန်း အဲပ်စ်  Tyrolean Alps တောင်ပေါ်ဒေသမှာ ပြိုင်ပွဲကိုကျင်းပခဲ့ပါတယ်။ မေယာက ၁ မိနစ် ၈ စက္ကန့်နီးပါးလောက်မှာ သစ်တုံးအားလုံးကို ဖြတ်တောက်နိုင်ခဲ့ပြီး၊ ပြိုင်ဘက် နယူးဇီလန်သား ၀ိန်းရတ်က ၁ မိနစ် ၉ စက္ကန့်ကျော်မှ ပြီးတဲ့အတွက် မေယာက ချန်ပီယံဖလားကို ရရှိခဲ့ပါတယ်။
6 years Ago
Up