သြဂုတ် ၁၇ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

August 17, 2017

သြဂုတ် ၁၇ ရက်နေ့ ငွေလဲနှုန်းနှင့် ရွှေဈေး

သြဂုတ် ၁၇ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၆၂ ကျပ်၊ ၁ ယူရိုငွေကို ၁၆၀၃ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၉၉ ဒသမ ၄၁ ကျပ်၊ ဂျပန် ယန်း ၁၀၀ ကို ၁၂၃၇ ဒသမ ၄ ကျပ်၊ တရုတ် ၁ ယွမ်ကို ၂၀၃ ဒသမ ၅၄ ကျပ်၊ အင်ဒိုနီးရှား ရူပီးရား ၁၀၀ ကို ၁၀ ဒသမ ၂၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၁၇ ဒသမ ၃၇ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၀ ဒသမ ၉၅ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။ (ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်) ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး တကျပ်သားကို ဝယ်ဈေး ၉၁၆၄၀၀ ကျပ်ဖြစ်ပြီး ရောင်းဈေးကတော့ ၉၁၆၂၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၂၈၇ ဒသမ ၅၀ ဈေးပေါက်ပါတယ်။
4 years Ago
Up