ကြံ့ခိုင်ရေးပါတီ

June 7, 2017

ဘင်္ဂလားဒေ့ရှ်ရှိ ဗုဒ္ဓဘာသာဝင်များအား စောင့်ရှောက်ပေးရန်ကြံ့ခိုင်ရေးပါတီတောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းတောင်တန်းဒေသက ဗုဒ္ဓဘာသာကိုးကွယ်တဲ့ သက် လူမျိုးတွေ တိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး မျိုးနွယ်တူ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး အတွက် ဆောင်ရွက်ပေးဖို့ ကြံ့ခိုင်ရေးပါတီက မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ “ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရအနေဖြင့်လည်း မိမိနိုင်ငံအတွင်းရှိ လူနည်းစုများ၏ အခွင့်အရေးအတွက် အထူးအာရုံစိုက် ကာကွယ်ပေးသကဲ့သို့ တဖက်နိုင်ငံအတွင်းရှိ မိမိတို့ မျိုးနွယ်တူ လူနည်းစုများ၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူ့အခွင့်အရေးအတွက် အစိုးရချင်း ဆက်သွယ်ညှိနှိုင်း၍ စောင့်ရှောက်ပေးနိုင်ပါရန် တောင်းဆို တိုက်တွန်းအပ်ပါသည်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကိုလည်း ပြစ်မှု ကျူးလွန်မှုအတွက် ထိုက်သင့်တဲ့ စုံစမ်းမှု ဖော်ထုတ်တာနဲ့ အပြစ်ပေးအရေးယူဖို့လည်း တိုက်တွန်းထားပါတယ်။ အလားတူပဲ မဘသအဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းကလည်း ဇွန်လ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာနိုင်ငံအစိုးရ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်း အသီးသီးအနေနဲ့ မတရားသော အကြမ်းဖက်လု ပ်ရပ်တွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းထားပါတယ်။
4 years Ago

May 4, 2017

အန်အယ်လ်ဒီပါတီတာဝန်ရှိသူများကို နိုင်ငံပိုင်မီဒီယာတွင်ဖော်ပြမှု ကြံ့ခိုင်ရေးပါတီကန့်ကွက် (ရုပ်သံ)

  အစိုးရ တစ်နှစ်တာ လုပ်ဆောင်ချက်တွေကို နိုင်ငံပိုင်မီဒီယာကတဆင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ရှင်းလင်း တင်ပြခဲ့တာ၊ ပါတီတံဆိပ်တပ်ပြီး အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ နိုင်ငံပိုင်မီဒီယာကနေ ဖော်ပြခဲ့တာဟာ ဥပဒေနဲ့ မညီတဲ့အတွက် ရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီအားလုံးကိုယ်စားတရားစွဲဆို ကန့်ကွက်ထားတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောပါတယ်။ ကော့မှူးမြို့နယ်ကိုယ်စားလှယ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက အနိုင်ရ အန်အယ်လ်ဒီကိုယ်စားလှယ် ၃ ဦးကို ကန့်ကွက်ထားခဲ့တဲ့ အဲဒီကန့်ကွက်စာကိုတော့ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲအပြီး ဧပြီဒုတိယအပတ်ထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြခဲ့တာဖြစ်လို့  ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။ “နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ နိုင်ငံတော်ရဲ့ တနှစ်တာကာလ လုပ်ဆောင်ခဲ့ တာ တွေကို မူဝါဒအရ ရှင်းလင်းတင်ပြတာ မှန်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သို့သော် ရွေးကောက်ပွဲနီးမှ ကပ်ပြီးတော့ လုပ်တာ၊ နောက်ပြီးတော့ အစိုးရတာဝန်မရှိဘဲနဲ့ ပါတီတာဝန်သာရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့မှ နိုင်ငံတော် မီဒီယာကနေတဆင့် ဒီလို တံဆိပ်တပ်ပြီးတော့ လုပ်သွားတဲ့ဟာက တရားမျှတမှုမရှိဘူး။ အဲဒါကြောင့်မို့ ရွေးကောက်ပွဲဝင်ရမယ့် ပါတီတွေအတွက် အကုန်လုံးထိခိုက်ပါတယ်။ ဒါကြောင့် ဥပဒေနဲ့ မညီညွတ်တဲ့အတွက်ကြောင့် ကျနော်တို့က နိုင်ငံသားအားလုံးရဲ့ ကိုယ်စား၊ ပါတီအားလုံးရဲ့ ကိုယ်စား ဥပဒေနဲ့ မညီတဲ့ကိစ္စကို ကန့်ကွက်တင်ပြရခြင်း ဖြစ်ပါတယ်။" တင်ပြတိုင်ကြားထားတဲ့ ကန့်ကွက်လွှာကို လက်ခံဖို့ သင့်၊ မသင့်ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၄၅ ရက်ပြည့်မြောက်တဲ့နေ့မှာ ဘုတ်အဖွဲ့ထိုင် ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ကန့်ကွက်လွှာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကို သွားရောက်မေးမြန်းခဲ့ပေမယ့် ဖြေကြားခဲ့ခြင်းမရှိပါဘူး။
4 years Ago
Up