ကြံ့ခိုင်ရေးပါတီ

A d v e r t i s e m e n t With Us

May 30, 2018

ကြံ့ခိုင်ရေးပါတီတွင် အလုပ်မလုပ်ဘဲ နေရာယူထားသူများကို အမြန်အစားထိုးရန် လိုအပ်နေ

ပါတီမှာ အလုပ်မလုပ်ဘဲ နေရာယူထားသူတွေ ရှိနေပြီး အဲဒီနေရာတွေကို အမြန်ဆုံး လူစားလဲလှယ်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။ “တချို့ လူဟောင်းတွေ လူကြီးတွေ ပြောလေ့ရှိတာက တို့က အသင်းကတည်းက လုပ်လာတာ၊ ပါတီစဖွဲ့ကတည်းက ဘာလုပ်လာတာ၊ ညာလုပ်လာတာ စသည်ဖြင့် လူငယ်တွေ၊ လူသစ်တွေကို မလုပ်တတ်၊ မကိုင်တတ်လို့ထင်၊ စိတ်မချလို့ တာဝန်မပေး၊ ကိုယ်တိုင်ကျတော့ ခေတ်ကို မျက်ခြည်ပြတ်ပြီး ရုံးတက်ရင်လည်း ရုံးထဲကမထွက်ဘဲ နေရာယူထားသူတွေ ရှိနေသေးတာကို သတိထားမိပါတယ်။ အားလုံး မဟုတ်ပါဘူး”လို့ ဦးသန်းဌေးက ပြောပါတယ်။ ပါတီနာမည်ဟာ ၁၉၉၃ ခုနှစ်ကတည်းက လူမှုရေးအသင်းအဖြစ် ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မှာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ “တာဝန်မယူ၊ အလုပ်မဖြစ်ဘဲ နေရာယူထားသူတွေကို အမြန်ဆုံး လူစားလဲလှယ်ပေးရမှာ ဖြစ်သလို စေတနာရှိ အရည်အသွေး အရည်အချင်းရှိသော်လည်း အသက်အရွယ်အရ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့ လူကြီးများနေရာမှာ လူစားဝင်နိုင်ဖို့လည်း လူသစ်တွေ၊ လူငယ်တွေ ကျား၊ မ မရွေး အမြဲအသင့်ရှိနေကြဖို့ လိုအပ်ပါတယ်”လို့ ဦးသန်းဌေးက ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ မေလ ၃၀ ရက်က နေပြည်တော်မှာရှိတဲ့ ပါတီဗဟိုဌာနချုပ်ရုံးမှာ ပါတီရဲ့ လူငယ်ညီလာခံ ၂၀၁၈ ကို ကျင်းပရာမှာ ပါတီခေါင်းဆောင် ဦးသန်းဌေးက ပြောဆိုခဲ့တာပါ။ ညီလာခံကိုတော့ ပါတီရဲ့ ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက လူငယ်ကိုယ်စားလှယ်တွေ၊ မြို့နယ်/ခရိုင်အဆင့် လူငယ်တာဝန်ခံတွေ တက်ရောက်ခဲ့ကြပါတယ်။
3 years Ago

May 16, 2017

ကြံ့ခိုင်ရေးပါတီကို စစ်ဆေးမည့်သတင်းမဟုတ်မှန်ဟု ရွေးကောက်ပွဲ ကော်မရှင်ပြော

  တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေ အလွဲသုံးစားမှုတွေနဲ့ပတ်သက်လို့  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို စစ်ဆေးမယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်တဲ့အကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ နယူးဖက်ဒရယ်တိုင်းမ်ဂျာနယ် (New Fedral Times Journal) က ဖေ့စ်ဘွတ် လူမှုကွန်ရက်မှာ ‘ကြံ့ခိုင်ရေးပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ခုံရုံးဖွဲ့စစ်ဆေး မည်’လို့ မေ ၁၄ရက်ကရေးသားခဲ့ပါတယ်။ ဒီလိုရေးသားရာမှာ ယခင်အစိုးရလက်ထက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေ အလွဲသုံးစားမှုတွေနဲ့ပတ်သက်ပြီး အဖွဲ့ဖွဲ့ပြီး စစ်ဆေးမယ့်အကြောင်း  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားခဲ့တယ်ဆိုပြီး ရေးသားဖော်ပြခဲ့ တာဖြစ်ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး နယူးဖက်ဒရယ်တိုင်းမ်ဂျာနယ်အနေနဲ့ မိမိကို မေးမြန်းခဲ့တာ မရှိသလို ကြံ့ခိုင်ရေးပါတီကိုလည်း စစ်ဆေးသွားဖို့ မရှိဘူးလို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ဒီဗွီဘီကို ရှင်းလင်း ပြောပါတယ်။ “ကျနော့်ကို ဖုန်းနဲ့ သတင်းထောက်တွေမေးမှ သိရတယ်။ ကျနော့်အနေနဲ့ ပြောရရင်တော့ အွန်လိုင်းပေါ်မှာ ဖော်ပြထားတဲ့ မီဒီယာနဲ့ပတ်သက်လို့ အင်တာဗျူးတာလည်း မရှိဘူး။ မေးမြန်း တာလည်း မရှိဘူး။ ကျနော် ပြောကြားခြင်းလည်း မရှိဘူး။ မဟုတ်မမှန်ရေးတဲ့ သတင်းဌာန ကိုတော့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကနေ ဥပဒေနဲ့အညီ လုပ်ဆောင်သွားမယ်။” လက်ရှိ နယူးဖက်ဒရယ်တိုင်းမ်ဂျာနယ်ကို မဟုတ်မမှန်သတင်း ရေးသားတဲ့အတွက် ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တင်ပြတိုင်ကြားဖို့ စီစဉ်နေပြီး ကြံ့ခိုင်ရေးပါတီကတော့ မေ ၁၆ ရက်စွဲနဲ့  တင်ပြတိုင်ကြားထားပါတယ်။
4 years Ago
More News
Up