ကြံခင်းမြို့နယ်​တွင် ​​တောရိုင်းတိရိစ္ဆာန် အစိတ်​အပိုင်းများ ဖမ်းဆီးရမိ

June 11, 2018

ကြံခင်းမြို့နယ်​တွင် ​​တောရိုင်းတိရိစ္ဆာန် အစိတ်​အပိုင်းများ ဖမ်းဆီးရမိ

  ဧရာဝတီတိုင်း​၊ ကြံခင်းမြို့နယ်၊ ဘရဲမြို့အမှတ်​ ၂ ရပ်​ကွက်​မှာ ​​ဇွန်​လ ၉ ရက်​​ ည က တောရိုင်းတိရိစ္ဆာန်တွေရဲ့ အစိတ်​အပိုင်းတွေ ဖမ်းမိခဲ့တယ်လို့ ဧရာတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘရဲမြို့အမှတ်​ ၂ရက်​ကွက်​​နေ ​ဇော်​ဝင်း​မောင်​နဲ့ ဝင်းမြင့်တို့​နေအိမ်​​တွေမှာ​ တောရိုင်းတိရိစ္ဆာန်​တွေရဲ့ ဂျိုနဲ့သားရည်​​တွေ အစိတ်​အပိုင်း​တွေ​ ရောင်းချ​နေတဲ့ သတင်းအရ ရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်းဆီးခဲ့တာပါ​။   ဧရာဝတိုင်း​ရဲတပ်​ဖွဲ့မှူးရုံး မှုခင်းအကူဌာနစု ဒုရဲအုပ်​​နေဝင်း​အောင်​က "ညက ဖမ်းတာပါ။  တိုင်းက ကျနော်ရယ်၊ ခရိုင်​က အဖွဲ့ရယ်​သစ်​​တောဦးစီး​ဌာနက အဖွဲ့ရယ်​၊ နယ်​​မြေခံ ရဲရယ် ​စု​ပေါင်းဖမ်းဆီးတာ​ပေါ့။  တခုကိုကျနော်က တရားလိုလုပ်​တယ်​။ တခုကို​တော့ ဘရဲရဲစခန်း က လုပ်​ပါတယ်​။ ​နေအိမ်​နှစ်​ခုဆို​တော့ တပြိုင်​တည်းဝင်​ရှာရတာဆို​တော့ လူခွဲပြီး ဖမ်းတာ ဖြစ်​တယ်​။  အဲ​ကြောင့် တခုစီ သီးခြားတရားစွဲမှာပါ။"လို့ ဒီဗွီဘီကို​ပြောပါတယ်​။ ဖမ်းဆီးရခဲ့တဲ့ပစ္စည်း​တွေထဲမှာ ဆပ်​​ခေါင်းဂျိုစုံပါ ၁ ​ချောင်း၊  ဆပ်​ဂျို ၂​ချောင်း၊ ဂျီခေါင်း ၁​ ခေါင်း၊ ဂျီဂျို ၃​ချောင်း၊ ​တောဝက်​စွယ် ​၁၇​ ချောင်း၊  လိပ်​ရင်​ဘတ်​ ၂ခု​၊ တောဝက်​သည်း​ခြေ ၅ ခု၊ ဝက်​ဝံလက်​သည်း ၁ခု​၊ တော​ကြောင်​လက်​သည်း ၂၇ ခု​၊  တော​ကြောင်​အမြီး ၁ခု​၊ တော​ကြောင်​​ခေါင်း ၁ ခု၊ ၃ ​ပေ ၂​ပေ ဂျီသ​ရေ ၂ချပ်​၊ ၂ ​ပေခွဲ ၂​ပေ ဂျီသ​ရေ ၂ချပ်​​၊  လေ​သေနတ်​တလက်တို့ပါဝင်ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး တိုင်းမှုခင်း အကူဌာနစုက ဒုရဲအုပ်​​နေဝင်း​အောင်က တရားလိုပြုလုပ်​ကာ  ​ဇော်​ဝင်း​မောင်​ကို ဘရဲရဲစခန်းက ဇီဝမျိုးကွဲနှင့် သဘာဝထိန်းသိမ်း​ရေး နယ်​​မြေ​စောင့်​ရှောက်​​ရေး ဥပ​ဒေ ပုဒ်​မ ၄၀(က) ၄၁(ခ)​၊ အပြင် လက်​နက်​ဥပ​ဒေပုဒ်​မ ၁၉(စ)နဲ့ ပါ တရားစွဲထားပါတယ်​။ ဝင်းမြင့်​အောင်​ကို​တော့ ဘရဲရဲစခန်းက စခန်းမှူး ရဲအုပ်​ မျိုး​ဇော်​မြင့်က တရားလိုပြုလုပ်​ပြီး ဘရဲနယ်​​မြေရဲစခန်းက ဇီဝမျိုးကွဲနှင့် သဘာဝပတ်​ဝန်​ကျင်​ ထိန်းသိမ်း​ရေး နယ်​​မြေ​စောင့်​ရှောက်ရေး ဥပ​ဒေပုဒ်​မ ၄၀(က)၄၁(က)တို့နဲ့ အ​ရေး​ယူထားပါတယ်​။   အလားတူ မြန်​​အောင်​မြို့နယ်​မှာလည်း ​ဇွန်​ ၆ ရက်​​က တောရိုင်းတိရိစ္ဆာန်​ရဲ့ အစိတ်​အပိုင်း​တွေ ဖမ်းဆီးရမိထားပါ​သေးတယ်​။   ဓာတ်​ပုံ - ဧရာဝတီတိုင်း​ဒေသကြီး မူခင်းအကူဌာနစု
3 years Ago
Up