ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုဝင်ဘာတလလုံး မဲစာရင်းကောက်မည်

A d v e r t i s e m e n t With Us

October 24, 2018

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲများ စပေးနိုင်ပြီ

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု အဆင့်နဲ့ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်တွေကတော့ အောက်တိုဘာ၂၄ရက်ကနေ နိုဝင်ဘာ ၂ ရက်နေ့ထိ ကြိုတင်ဆန္ဒမဲပေးနိုင်ပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ကြိုတင်မဲစတင်ပေးတာစတင်တဲ့နေ့မှာပဲ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းက တာမွေမဲဆန္ဒနယ်နဲ့ ဆိပ်ကမ်းမဲဆန္ဒနယ် (၂)ခုလုံးမှာ ကြိုတင်မဲ လာရောက်ပေးတဲ့ မဲဆန္ဒရှင်မရှိသေးဘူးလို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးကပြောပါတယ်။ “မဲပေးမယ့်အစီအစဉ်ကတော့ ခုချိန်ထိ တယောက်မှမရှိသေးဘူး။ မဲဆန္ဒရှင်လူတသိန်းမှာ လူ တသိန်းလုံးက ပြည်ထောင်စုအဆင့် မဖြစ်နိုင်ဘူးလေ။ အနည်းအကျဉ်းပဲရှိမှာပေါ့။ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်ဖြစ်တာတောင်မှ နိုင်ငံရပ်ခြားခရီးသွားဖို့ရှိမှ ကြိုတင်မဲပေးခွင့်ရှိမယ်။ တာမွေ မဲဆန္ဒနယ်ထဲမှာ အလားတူ ဆိပ်ကမ်းမဲဆန္ဒနယ်ထဲမှာနေတဲ့ မဲဆန္ဒရှင်တွေထဲမှာ ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ရှိသလား။ သူတို့က မဲပေးချင်လာပေးမယ်။ မပေးချင် မပေးဘူး။ မရှိဘူးဆိုတာကတော့ မဲဆန္ဒရှင်လာပေးမှဖြစ်တာလေ” ရွေးကောက်ပွဲကျင်းပမယ့်ရက်မှာ အကြောင်းအမျိုးမျိုးကြောင့် မဲရုံကိုလာရောက်မဲမပေးနိုင်တဲ့ မဲဆန္ဒရှင်တွေအတွက်ကတော့ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေမှာ ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ ပြည်ပရောက်မဲဆန္ဒရှင်တွေ၊ ပြည်တွင်းက မဲဆန္ဒနယ် ပြင်ပရောက်ကြိုတင်ဆန္ဒမဲပေးခွင့် ရှိသူတွေအတွက် ကြိုတင်မဲပေးတဲ့လုပ်ငန်းကို စက်တင်ဘာလ နှောင်းပိုင်းကစပြီး ဒေသအသီးသီး မှာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မဲဆန္ဒနယ် ၁၃ နေရာ အတွင်းမှာ ဆေးရုံတက်ရောက်နေသူတွေ၊ အချုပ်ခံနေရသူတွေနဲ့ နိုင်ငံတော် တာဝန်နဲ့ ခရီးဝေးသွားဖို့ ရှိသူတွေ အောက်တိုဘာ ၂၄ ရက်နေ့က စတင်ကာ ကြိုတင်မဲပေးနိုင်တယ်လို့  ကော်မရှင်က ကြေညာ ထားပါတယ်။
2 years Ago

September 10, 2018

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းလာကြည့်သူ နည်းပါးနေ

သမ္မတဦးဝင်းမြင့်ရဲ့မဲဆန္ဒနယ် တာမွေမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို လာကြည့်သူ ၁၄ ရာခိုင်နှုန်းပဲရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူက ပြောပါတယ်။ ရပ်ကွက်ပေါင်း ၂၀ ရှိတဲ့ တာမွေမြို့နယ်မှာ မဲဆန္ဒရှင်စုစုပေါင်း ၁၂၀,၀၀၀ ကျော်ရှိတဲ့ အထဲက ၁၄ရာခိုင် နှုန်းပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုခဲ့တာပါ။ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲဆန္ဒနယ် ၁၃နေရာအတွက် ကျင်းပမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးထဲမှာ လစ်လပ်နေရာ ၂နေရာအတွက် ရွေးကောက်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ ဆိပ်ကမ်းမြို့နယ်မှာတော့ မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၄၇ရာခိုင်နှုန်းသာ မဲစာရင်းကိုလာရောက်ကြည့်ရှုခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ပြောရေးဆိုခွင့်ရှိသူ ဦးစန်းမြင့်အောင် ကပြောပါတယ်။ အခုလို ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနည်းပါးလာတာဟာ အန်အယ်လ်ဒီအစိုးရရဲ့စွမ်း ဆောင်ရည်အားနည်းတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ဝေဖန်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ လစ်လပ်နေရာ နည်းပါးတဲ့အတွက် သိပ်အရေးမကြီးဘူး ဆိုပေမယ့် ၂၀၂၀ ကြားဖြတ်ရွေးကောက်ပွဲမှာ အခုလိုပဲ စိတ်ဝင်စားမှုနည်းပါးတယ်ဆိုရင် နိုင်ငံအတွက် အလားအလာမကောင်းဘူးလို့လည်းပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီက မဲဆန္ဒနယ် ၁၃နေရာစလုံး အတွက်ပါ ဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကတော့ ၁၀ နေရာမှာပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ခု က ကိုယ်စားလှယ်လောင်း ၆၂ ဦး၊ တစ်သီးပုဂ္ဂလ ၇ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆၉ ဦး ပါဝင်ယှဉ်ပြိုင် သွားမှာဖြစ်ပါတယ်။
2 years Ago
More News
Up