ဘော့စ်နီးယားနဲ့ ဟာဇီဂိုဗီးနားဒေသက စွန့်ပစ် ကျောက်မီးသွေးတွင်း အပေါ်ကောင်းကင်မှာ ပါဆေ့ဒ် ကြယ်စုတန်းက ဥက္ကာပျံတွေ မိုးရွာချသလို ဖြစ်နေတာကို သြဂုတ် ၁၂ ရက်နဲ့ ၁၃ ရက် ညတွေမှာ တွေ့ရတာပါ။
ပါဆေ့ဒ် ကြယ်ကြွေမိုးကို နှစ်စဉ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ကမ္ဘာ့မြောက်ခြမ်းဒေသကနေ မြင်ရပါတယ်။
Swift-Tuttle ကြယ်တံခွန်က ကမ္ဘာဂြိုဟ်နားကနေ ဖြတ်သန်းချိန် ထွက်လာတဲ့ အပိုင်းအစတွေကြောင့် ခုလို ဥက္ကာပျံတွေ မိုးရွာချသလို ဖြစ်နေတာကို မြင်ရတာပါ။
ဒီနှစ်မှာ ရာနဲ့ချီတဲ့ ဥက္ကာပျံတွေ ကောင်းကင်တလွှား ပျံသန်းကြွေကျတာကို သြဂုတ် ၁၂ ရက်နေ့မှာ အများဆုံးမြင်နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ဒါပေမယ့် ဒီနှစ်မှာ လက ၄ ပုံ ၃ ပုံ ပြည့်နေလို့ လရဲ့အလင်းရောင်ကြောင့် ဥက္ကာပျံတွေကို ကောင်းကောင်းမြင်ရဖို့ ပိုခက်နေတာပါ။
တနှစ်တခါမြင်ရတဲ့ ဥက္ကာပျံရှုခင်းကို ကြည့်ဖို့ ကြယ်ငေးသူတွေဟာ အလင်းရောင်နည်းပါးတဲ့ ကျေးလက်ဒေသတွေဆီကို သွားရောက် လည်ပတ်နေကြပါတယ်။
5 years Ago