ကြယ်စင်အစုအဝေးကြီး

January 24, 2017

နယူးဇီလန်ကမ်းရိုးတန်းမှ တဖိတ်ဖိတ်တောက်ပသည့် ကြယ်စင်အစုအဝေးကြီး (ရုပ်သံ)

နယူးဇီလန်နိုင်ငံ ကမ်းရိုးတန်းတခုမှာ ဇန်နဝါရီ ၂၃ ရက်နေ့က တဖိတ်ဖိတ်တလက်လက် တောက်ပနေတဲ့ ကြယ်စင်အစုအဝေးကြီးတခု ထွက်ပေါ်ခဲ့ပါတယ်။ ကိုင်ကိုရူရာကမ်းရိုးတန်းဟာ တကယ့်ကို ပန်းချီဆန်ဆန်လှပပြီး ကြယ်တွေကို လှလှပပ ကြည့်ရှုခံစားနိုင်စေမယ့် ရှုခင်းရှုကွက်တွေကို ပိုင်ဆိုင်ထားတဲ့ တခုတည်းသော နေရာပါ။ စကြာဝဠာအဖွဲ့အစည်းထဲမှာ မစ်လ်ကီဝေး (The Milky Way) လို့ခေါ်တဲ့ ကြယ်စုတန်းကြီးဟာလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ရုပ်သံဖိုင်မှာ မြင်တွေ့ရမှာကတော့ မစ်လ်ကီဝေး (The Milky Way) ကြယ်စုထဲက ဘီလျံ ၁၀၀ နဲ့ ၄၀၀ ကြား ပါဝင်တဲ့ တောက်ပတဲ့ ကြယ်တွေရဲ့ လှပတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။
5 years Ago
Up