ကြယ်စင်ဟိန်းခရီးသည်တင်ယာဉ် ရန်ကုန် - နေပြည်တော် အမြန်လမ်းတွင် တိမ်းမှောက်

A d v e r t i s e m e n t With Us

June 2, 2016

ကြယ်စင်ဟိန်းခရီးသည်တင်ယာဉ် ရန်ကုန် - နေပြည်တော် အမြန်လမ်းတွင် တိမ်းမှောက်

ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ ဖာလုံအကြားမှာ ဇွန်လ ၂ ရက်နေ့ မနက် ၂ နာရီခွဲအချိန်လောက်က ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ ပါတယ်။ လယ်းလယ်ကျွန်းကို ၀င်ရောက်တိုက်မိခဲ့တာဖြစ်ပြီး ခရီးသည် ၂၂ ဦးပါရှိကာ သံဃာ ၁ ပါး၊ အမျိုးသား ၁၀ နဲ့ အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသခံယူ နေပြီဖြစ်ပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကွေးအမြန်လမ်းရဲစခန်း က ယာဉ်မောင်းအား ယာဉ် (ပ)၁၇/၂၀၁၆ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။ (ဓာတ်ပုံ - ကြက်ခြေနီအသင်း)  
5 years Ago
Up