ကြည့်ရှုနေသူများကို အံ့အားသင့် ထိတ်လန့်သွားစေခဲ့သည့် ဒီရေလှိုင်းလုံးကြီး(ရုပ်သံ)

October 6, 2017

ကြည့်ရှုနေသူများကို အံ့အားသင့် ထိတ်လန့်သွားစေခဲ့သည့် ဒီရေလှိုင်းလုံးကြီး(ရုပ်သံ)

တရုတ်နိုင်ငံမှာ နှစ်လယ်ဆောင်းဦးရာသီပွဲတော် ကျင်းပနေချိန် ဖြစ်ပေါ်ခဲ့တဲ့ ဧရာမ ဒီရေ လှိုင်းလုံးကြီးတလုံးဟာ ကြည့်ရှုနေသူ ပရိသတ်တွေကို အံ့သြထိတ်လန့်သွားစေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်၊ ဟိုင်နင်းမြို့မှာ အောက်တိုဘာ ၄ ရက်နေ့က ဖြစ်ခဲ့တာလို့ စီဂျီတီအန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒေသတွင်း ခုလိုအချိန်မှာ ရိုက်ခတ်လေ့ရှိတဲ့ ဒီရေလှိုင်းလုံးကြီးတွေဟာ ကြီးမားလွန်းတဲ့ အတွက် ကမ္ဘာ့အကြီးမားဆုံး လှိုင်းလုံးကြီးတွေအဖြစ် နာမည်ကြီးကာ လာရောက်လည်ပတ်ကြည့်ရှုကြသူတွေနဲ့ စည်ကားနေတာပါ။ ကွမ်တန်မြစ်ပေါ်မှာ ဖြစ်တည်တဲ့ ဒီရေလှိုင်းလုံးကြီးတွေဟာ အကွာအဝေး ၅၅ ကီလိုမီ တာထိ ရောက်ရှိနိုင်ပြီး ၇ မီတာအမြင့်ထိ ရှိနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ခုလိုအကြီးဆုံး ဒီရေလှိုင်းလုံးကြီးတွေကို မြင်တွေ့နိုင်မယ့် အကောင်းဆုံးအချိန်ကတော့ တရုတ်ပြက္ခဒိန်ရဲ့ ၈ လ မြောက်လရဲ့ ၁၅ ရက်ကနေ ၁၈ ရက်နေ့ကြားကာလတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up