လမ်းမပေါ် ရုတ်တရက်လဲကျ သတိမေ့နေခဲ့တဲ့ မိန်းကလေးတဦးကို ကူညီခဲ့တဲ့ တရုတ်နိုင်ငံမှ ယာဉ်ထိန်းရဲတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ၀ီချက် (WeChat) လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပြန်လည်မျှဝေမှုတွေ မြင့်တက်ကာ ရေပန်းစားနေပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က ကျန်းဆုခရိုင် လမ်းမတခုပေါ်မှာ ဖြစ်ခဲ့တာပါ။
လမ်းမပေါ်မှာ ရုတ်တရက်လဲကျပြီး သတိလစ်နေခဲ့တဲ့ မိန်းကလေးကို ကယ်တင်ဖို့ အရေးပေါ်လူနာတင်ယာဉ် ခေါ်နေခဲ့ချိန်မှာ အဆိုပါယာဉ်ထိန်းရဲဟာ မိန်းကလေးကို ကူညီဖို့ ကြိုးစားခဲ့တာပါ။
သူဟာ လက်မောင်းပေါ်မှာ မိန်းကလေးကို ပွေ့ချီထားခဲ့ပြီး အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင် အချိန် ၁၀ မိနစ်လောက် စကားပြောဖို့ ကြိုးစားခဲ့တာကို တွေ့ရမှာပါ။
အဲဒီနောက်မှာတော့ မိန်းကလေးကို နီးစပ်ရာ ဆေးရုံတခုဆီ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ အဆိုပါယာဉ်ထိန်းရဲရဲ့ ကြင်နာတတ်တဲ့ အပြုအမူကို “အနွေးထွေးဆုံး ခေါင်းအုံးလေး” တခုလို့ တင်စားနေကြပြီး လူမှုကွန်ရက် အသုံးပြုသူတွေကြား ရေပန်းစားနေခဲ့တာပါ။
6 years Ago