ကြက်နှစ်ကို ကြက်အကဖြင့် ဖျော်ဖြေခဲ့ကြသည့် တရုတ်စစ်သားများရုပ်သံ ရေပန်းစား

January 28, 2017

ကြက်နှစ်ကို ကြက်အကဖြင့် ဖျော်ဖြေခဲ့ကြသည့် တရုတ်စစ်သားများရုပ်သံ ရေပန်းစား

အခုလာမယ့်နှစ်သစ်ကို တရုတ်ရိုးရာ ယုံကြည်မှုအရ ကြက်နှစ်လို့ သတ်မှတ်ထားကြတာပါ။ အဲဒီအထိမ်းအမှတ်အဖြစ် ဆိုင်တွေ၊ ဈေးတွေ၊ နေအိမ်တွေအနှံ့ ကမ္ဘာတလွှားမှ တရုတ်လူမျိုးတွေဟာ ကြက်ပုံသင်္ကေတတွေနဲ့ အလှဆင်ယင်ပြီး ကြိုဆိုဖို့ ပြင်ဆင်နေကြတာကို တွေ့ရပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကတော့ တရုတ်စစ်ဝတ်စုံတွေနဲ့ ရိုးရာကြက်နှစ်ကို ကြိုဆိုကြမယ့် အမျိုးသားအကအဖွဲ့ရဲ့ မြူးကြွတဲ့ကကွက်တွေကို ရိုက်ယူထားခဲ့ပြီး Shanghaiist သတင်းတပုဒ်မှာ ဖော်ပြခဲ့တာပါ။ သူတို့ ကပြသရုပ်ဖော်ခဲ့တဲ့ သီချင်းကတော့ အသက် ၃၈ နှစ်အရွယ် တရုတ်အဆိုတော် အမျိုးသမီး ရိုလင်းဝမ်ရဲ့ Chick Chick လို့ အမည်ရတဲ့ သီချင်းတပုဒ်ရဲ့ နောက်ခံတီးလုံးကို ယူထားခဲ့တာပါ။ ဒီသီချင်းဟာ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး ကိုရီးယားနာမည်ကျော်သီချင်းတပုဒ်ဖြစ်တဲ့ ဂန်းနန်းစတိုင်သီချင်းလိုပဲ နာမည်ကျော်ကြားခဲ့တာပါ။ သီချင်းထဲမှာတော့ အဆိုတော် အမျိုးသမီးနဲ့ အဖွဲ့ဟာ ကြက်ပုံသဏ္ဌာန် အသံ၊ ဟန်ပန်နဲ့ ဝတ်စားဆင်ယင် သရုပ်ပြမှုတွေကြောင့် လူသိများ ထင်ရှားခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တရုတ်စစ်သားတွေရဲ့ သရုပ်ပြတင်ဆက်မှုတွေက ထူးထူးခြားခြား ဖြစ်နေခဲ့ပါတယ်။
5 years Ago
Up