စပါးကြီးမြွေတွေဟာ သားကောင်ကို ဖမ်းယူဝါးမျို စားသောက်တဲ့ နေရာမှာ နာမည်ကြီးပါတယ်။
ဒါပေမယ့် အစာတွေကို တနင့်တပိုး စားသောက်ပြီးချိန်မှာ သူတို့ဟာ ဘယ်လိုနေထိုင်ကြသလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။
ဒီပုံတွေထဲမှာတော့ ကြက်ကောင်ရေ ဒါဇင်နဲ့ချီ မျိုချခဲ့ပြီးနောက် မလှုပ်ရှားနိုင်တော့ဘဲ မှိန်းနေခဲ့တဲ့ စပါးကြီးမြွေတကောင်ကို တွေ့ကြရမှာပါ။
ဒီအဖြစ်အပျက်ကတော့ ထိုင်းနိုင်ငံတောင်ပိုင်း၊ ထရန်ခရိုင်ထဲက ရွာတရွာထဲမှာ ဖြစ်ခဲ့တာပါ။
ကြက်ခြံပိုင်ရှင်ဟာ သူ့ရဲ့ကြက်တွေ ဒါဇင်နဲ့ချီပြီး ပျောက်ဆုံးနေလို့ စစ်ဆေးခဲ့ချိန်မှာ မြွေကြီးကို ခြံအနီး ငြိမ်သက်လဲလျောင်းနေတာ တွေ့ခဲ့ရတာပါ။
အရှည် ၆ မီတာရှိတဲ့ စပါးကြီးမြွေကြီးရဲ့ ဝမ်းဗိုက်ပိုင်းဟာ အစာကိုမျိုချထားလို့ ဖောင်းကားနေခဲ့တာပါ။
အဲဒီနောက်တော့ မြွေကြီးကို ဖယ်ထုတ်ဖို့ ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူခဲ့ရတာပါ။
ကယ်ဆယ်ရေးသမားတွေဟာ အလေးချိန် ၃၅ ကီလိုဂရမ်နဲ့ ၄၀ ကီလိုဂရမ်ကြားရှိတဲ့ မြွေကြီးကို ကြိုးကွင်းတွေ အသုံးပြု ဖမ်းဆီးခဲ့ပြီး တောတွင်းကို ပြန်လွှတ်ပေးခဲ့ရတယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ဆနွတ်ခ်သတင်းမှာ ဖော်ပြပါတယ်။
6 years Ago