ကြက်သွန်နီ

March 30, 2019

ကြက်သွန်နီဈေးနှုန်း မထိန်းနိုင်သဖြင့် မြင်းခြံတောင်သူများ အခက်တွေ့

အ​ခြေခံ ကြက်​သွန်​​နီဈေးနှုန်း ဈေးကွက်တခုသတ်မှတ်ပြီး ထိန်းမထားနိုင်တာ​ကြောင့် မြင်းခြံမြို့က ကြက်​သွန်​စိုက်​ပျိုးတဲ့ ​တောင်​သူ​တွေ အခက်​အခဲ​တွေ့​နေတယ်​လို့ ကြက်​သွန်​အသင်းဥက္ကဋ္ဌက မတ် ၂၉ ရက်နေ့က ​ပြောပါတယ်။ မြင်းခြံကြက်​သွန်​လုပ်​ငန်းရှင်​များအသင်း ဥက္ကဋ္ဌ ဦး​ကျော်​ရှိန်​က "ဒီနှစ်​က နယ်​စုံကြက်​သွန်​ အစိုက်​များကြတယ်​။ အထူးသဖြင့် စစ်​ကိုင်းတိုင်းနဲ့မ​ကွေးတိုင်းက ပိုပြီးအစိုက်​များတယ်​။ အဓိက ကြက်​သွန်​ဟာ နိုင်​ငံခြားထွက်​​ပေါက်​ရှိမှ စိုက်​ပျိုးသူ​တွေ အဆင်​​ပြေမှာ။ ခုက ပြည်​တွင်းမှာ ကြက်​သွန်​​တွေ​ပေါ​နေ​တော့ အ​ရောင်းအဝယ်​က မ​ကောင်း​တော့ဘူး။ ကြက်​သွန်​စိုက်​ပျိုးတဲ့​ တောင်​သူ​တွေအတွက်​လည်း အ​ခြေခံကြက်​သွန်​​ဈေးနှုန်းတခုမှ ထိန်းမထားနိုင်​ရင်​ ​တောင်​သူ​တွေအတွက်​ အကျိုးရှိမှာမဟုတ်​သလို စာဝတ်​​နေ​ရေးအတွက်​လည်း အခက်​အခဲ​တွေ ရှိ​နေဦးမယ်​လို့ ဒီဗွီဘီကို​ပြောပါတယ်​။ ခုရက်​ပိုင်း​တွေ မြင်းခြံမြို့နယ်​မှာ ​နွေကြက်​သွန်​နီ ထွက်​ရှိနေပြီး ​ညောင်​ဦးမြို့နယ်​က ကြက်​သွန်​တွေလည်း မြင်းခြံဘက်​ကို ဝင်​​ရောက်​​နေတယ်​လို့ သိရပါတယ်​။ မြင်းခြံ​ရွှေဒင်္ဂါး ကြက်​သွန်​နီပွဲရုံမှ ကို​ကျော်​ဇင်​ဝင်းက "ခုရက်​ပိုင်း​တွေမှာ ​နွေ ကြက်​သွန်​​​တွေ နယ်​စုံက ဝင်​​ရောက်​​နေသလို ဈေးနှုန်းက ကျဆင်း​နေတယ်​၊ အ​ရောင်းအဝယ်​ကလည်း မ​ကောင်းဘူး။ ဒီနယ်​​တွေက အဓိက ရန်​ကုန်​ နဲ့ ​မော်​လမြိုင်​ကို တင်​ပို့​နေရတယ်​။ အဲ့ဒီမှာလည်း ကား​တွေ အဝင်​များ​တော့ ​ဈေးကအီ​နေတယ်​။ ခုရက်​ပိုင်း​တွေ တရုတ်​ဘက်​က​တော့ အနည်းငယ်​ ၀ယ်​ယူ​နေတာ​တွေရှိတယ်​။ ဒါ​ပေမယ့် ပြင်​ပနိုင်​ငံ​တွေဘက်​ကို များများထွက်​မှ အ​ရောင်းအဝယ်​က ပြန်​​ကောင်းလာမှာ၊ ​တောင်​သူ​တွေအ​နေနဲ့ စိုက်​ပျိုးစရိတ်​ကုန်​ကျမှုများ​နေပြီး ​ရောင်းချတဲ့​နေရာမှာ ​ဈေးနှုန်းအကျဘက်​ကသာ ​ရောင်းချ​နေရတာ​ကြောင့် အခက်​အခဲအများကြီး ရှိ​နေတယ်​” လို့ ပြောပါတယ်​။ မဟာသင်္ကြန်​ပွဲ​တော်​ နီးလာတာနဲ့အမျှ ကုန်​စည်​ပို့​ဆောင်​​ရေးအ​နေနဲ့ ကားခ​ဈေးနှုန်းတွေ မြင့်​တက်​လာပြီး အရင်က​ မြင်းခြံမှ ရန်​ကုန်​ကို ကြက်​သွန်​နီ ၁ ပိသာကို ၄၀ ကျပ်​နှုန်းနဲ့တင်​ပို့ခဲ့ရပြီး အခု ကားခ​ဈေးနှုန်းမှာ ကြက်​သွန်​နီ ၁ ပိဿာကို ၅၅ ကျပ်​မှ ၆၀ ကျပ်​နှုန်းနဲ့ တင်​ပို့​နေရတယ်​လို့ ဆိုပါတယ်​။ ဒီ​နေ့ အ​ရောင်အဝယ်​ပြုလုပ်​တဲ့ ကြက်​သွန်​နီ​ဈေးနှုန်းဟာ ၁ ပိဿာကို ၃၀၀ ကျပ်​မှ ၃၅၀ ကျပ်နှုန်းတို့နဲ့ အ​ရောင်းအဝယ်​ဖြစ်​ခဲ့ပြီး၊ မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ကြက်​သွန်​ပိဿာချိန်​ ၄ သောင်းလောက် ဝင်​​ရောက်​​တယ်​လို့ သိရပါတယ်​။ သတင်း၊ ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ)
2 years Ago

September 10, 2018

ကြက်​သွန်​​နီဈေးနှုန်းများ မြင့်တက်

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ရှိ ဒေသထွက်​ကုန်​ဖြစ်​တဲ့ ကြက်​သွန်​နီ​ဈေးနှုန်းဟာ တပတ်​အတွင်းမှာ တ​ပိဿာကို ကျပ် ၆၀၀ ဝန်းကျင်​ခန့်​ မြင့်တက်​လာနေပါတယ်​။ ​ရွှေဒင်္ဂါး ကြက်​သွန်​နီပွဲရုံမှ ဦး​ကျော်​ဇင်​ဝင်းက "တက်​လာရတဲ့ အ​ကြောင်းရင်းက စားသုံးသူ​တွေ အဝယ်​လိုက်​လာတာရယ်​၊ ပြီး​တော့ လက်ရှိဈေးကို ​လှောင်​လက်​သမားတွေက ကြိုက်​ပြီး ဝယ်​​လှောင်​​နေကြတာ​ကြောင့် ​ဈေးတက်​လာတာပါ။ ဒါ​ပေမယ့် မြင်းခြံမြို့​ပေါ်မှာ​တော့ ကြက်​သွန်​က အဝင်နည်းသွားတယ်​။ တောင်​သူ​တွေလက်​ထဲမှာလည်း ကြက်​သွန်​က အနည်းအကျဉ်း​လောက်​ပဲ ရှိကြတာပါ။ မြင်းခြံမှာ ကြက်​သွန်​​ဈေး မြင့်လာတာနဲ့ တရုတ်​ဘက်​က ကြက်​သွန်​​တွေ ရက်​ပိုင်းအတွင်းမှာ ဝင်​လာဖို့ရှိနေတယ်​” လို့ ဒီဗွီဘီကို ပြောပါတယ်​။ ပြီးခဲ့တဲ့ သြဂုတ်​လအတွင်းကလည်း မိုးအဆက်​မပြတ် ရွာသွန်းမှုကြောင့် လမ်းတွေ ပိတ်​ဆို့မှု​ဖြစ်​ခဲ့ပြီး ကြက်​သွန်​​ဈေးဟာလည်း အနည်းငယ် မြင့်တက်​ခဲ့ပါတယ်​။ မြင်းခြံက ကြက်​သွန်​နီ​တွေကို ရန်​ကုန်​၊ ​မော်​လမြိုင်​၊ ဘားအံ စတဲ့ မြို့ကြီး​တွေကို အများဆုံး တင်​ပို့​ရောင်းချရပြီး ပြီးခဲ့တဲ့တပတ်​အတွင်းက ကြက်​သွန်​နီ တပိဿာကို အနိမ့်ဆုံး​ဈေး ၄၅၀ ကျပ်​မှ အမြင့်​ဆုံး​ဈေး ၆၂၅ ကျပ်​နဲ့ အ​ရောင်းအဝယ်​ ပြုလုပ်​ခဲ့ကြပါတယ်။ ဒီနေ့ ကြက်​သွန်​နီဈေးကွက်​က အနိမ့်ဆုံး တပိဿာကို ကျပ်​ ၁၀၀၀ မှ အမြင့်​ဆုံး ၁၂၀၀ ကျပ်​ထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ပြီး မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ကြက်​သွန်​နီကုန်​ချိန်​ ပိဿာ တသောင်း​ကျော်​ခန့်​သာ ဝင်​​ရောက်​မှုရှိနေတယ်​လို့ သိရပါတယ်​။ မြင်းခြံမြို့နယ်​ရှိ ​တောင်​သူအများစုက ကြက်​သွန်​နီနဲ့အတူ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်း၊ ​ဆေးရွက်​ကြီး၊ ငရုတ် စတာ​တွေ အဓိကစိုက်​ပျိုးကြ​ပြီး ရာသီဥတု​ ဖောက်​ပြန်တာနဲ့​ ဈေးကွက်​တည်​ငြိမ်​မှုမရှိလို့ ​တောင်​သူအများစုဟာ နှစ်​စဉ် အရှုံး​တွေနဲ့ ရင်​ဆိုင်​​နေကြရ​ပါတယ်​။ သတင်း - ရီရီထွန်း ( မြင်းခြံ)
3 years Ago
Up