ကြက်တူရွေးကလေး (ရုပ်သံ)

October 8, 2017

ရေပန်းစားနေသည့် ဘောလုံးအမာခံပရိသတ် ချစ်စဖွယ် ကြက်တူရွေးကလေး (ရုပ်သံ)

အိုင်ယာလန်မြောက်ပိုင်း ဘောလုံးအသင်းရဲ့ အမာခံပရိတ်သတ်အဖြစ် ချစ်စဖွယ် ကြက်တူရွေးလေး ကယ်လိုဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။ သူဟာ မြို့တော် ဘဲလ်ဖတ်စ်ထ်ရဲ့ လေယူလေသိမ်းအတိုင်း အသင်းရဲ့ အောင်ပွဲခံ အားပေးသံ “ငါတို့ဟာ မြောက်ပိုင်း အိုင်ယာလန်”လို့ စည်းချက်နဲ့ အော်ပြခဲ့တာကို တွေ့ရ မှာပါ။ ကယ်လိုဟာ အာဖရိကန်ဂရေးကြက်တူရွေးလေးတကောင်ဖြစ်ကာ သခင်ဖြစ်တဲ့  ငှက်ချစ်သူ အမျိုးသမီး လင်ဒါကော်ရီက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အသင်းကို အားပေးတဲ့ အသံကိုတော့ ပြီးခဲ့တဲ့နှစ် ယူရိုပြိုင်ပွဲကာလကတည်းက ကယ်လိုကာ ထွက်နိုင်ခဲ့တာလို့ သူက ပြောပါတယ်။ အသင်းကိုယ်စားပြု - အစိမ်းနဲ့ အဖြူတပ်ဆိုတဲ့ စကားလုံးတွေကိုလည်း ပီပီသသ အသံထွက်ဆိုနိုင်တာဟာ တကယ့်ကို အံ့သြစရာပါပဲ။ အာဖရိကန်ဂရေးကြက်တူရွေးလေးတွေဟာ သက်တမ်းနှစ် ၁၀၀ ထိ အသက်ရှင် နေထိုင်နိုင်ကြတဲ့အတွက် သူဟာ သက်တမ်းတလျှောက်မှာ အိုင်ယာလန်မြောက်ပိုင်း ဘောလုံးအသင်းရဲ့ အောင်ပွဲခံချန်ပီယံဖြစ်ခွင့်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။ သတင်းနှင့်ရုပ်သံ - ဘီဘီစီ
4 years Ago
Up