ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းပေါ်က မီယာဇာကီ (Miyazaki) ခရိုင်မှာ ကြက်တုပ်ကွေး ဖြစ်ပွားနေလို့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းက ကြက်ကောင်ရေ သိန်းနဲ့ချီပြီး သုတ်သင်ခဲ့ကြပါတယ်။
ကြက်တွေကို ဓာတ်ငွေ့ပေးသုတ်သင်ကာ ကြက်သေတွေကို အိတ်တွေနဲ့ ကျင်းနက်တူးပြီး မြှုပ်နှံရှင်းလင်းနေကြတာပါ။
မီယာဇာကီခရိုင်မှာ ဒီရာသီအတွင်း အခုလို သုတ်သင်ရှင်းလင်းတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာတော့ မြောက်ပိုင်းကျွန်းဖြစ်တဲ့ ဟော့ကိုင်ဒိုးကျွန်းမှာ ကြက်ကောင်ရေ ၂ သိန်း ၁ သောင်းကျော် သုတ်သင်ခဲ့ရပါတယ်။
ဂျပန်နိုင်ငံမှာ အခုနှစ် နိုဝင်ဘာလကုန်ပိုင်းကစပြီး ကြက်တုပ်ကွေး ကူးစက်ဖြစ်ပွားမှု အခုတကြိမ်နဲ့ပါဆိုရင် ၅ ကြိမ်မြောက် တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ ကြက်ကောင်ရေ ၈ သိန်းနီးပါး သုတ်သင်ခဲ့ပါတယ်။
6 years Ago