ၸံပညာရွင္ဆုရ

October 24, 2018

ပန်ကရိယကင်ဆာရောဂါ ရှာဖွေနည်းတီထွင်သည့်လူငယ် ထိပ်တန်းလူငယ်သိပ္ပံပညာရှင်ဆုရ

အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ်က အသက် ၁၃ နှစ်အရွယ် လူငယ်လေးဟာ  ပန်ကရိယကင်ဆာရောဂါ ရှာဖွေတဲ့ နည်းလမ်းကို တီထွင်ပြီး ထိပ်တန်းလူငယ်သိပ္ပံပညာရှင်ဆုကို ရရှိသွားပါတယ်။ ကိုယ်တွင်းအင်္ဂါ ပန်ကရိယဟာ ရှာဖွေရခက်ခဲပြီး အကျိတ်ကို တွေ့ရင်တောင်မှ ဖယ်ရှားဖို့ရာ ခက်ခက်ခဲခဲ ခွဲစိတ်ရတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ “ကျနော့်ကိရိယာက PCDLS  လို့ခေါ်တဲ့ ပန်ကရိယကင်ဆာ ရှာဖွေရေးစနစ်ပါ။ ဒီကိရိယာက အေအိုင်နည်းပညာကိုသုံးပြီး ဒီနေ့ခေတ် ပန်ကရိယကင်ဆာရောဂါ ကုသရေးကို ပိုမိုကောင်းမွန်စေမှာပါ။ ဒီတော့ ရောင်ခြည်ကုထုံးနဲ့ ကုသနေချိန်မှာ ပန်ကရိယကို ပို ထိထိရောက်ရောက် ရှာဖွေနိုင်ပြီး လူနာရဲ့ အသက်ရှင်ဖို့ ရာခိုင်နှုန်းနဲ့ ရောဂါ ကုသစောင့်ေ ရှောက်ရေးကို  တိုးတက်စေမှာ ဖြစ်ပါတယ်။” လို့ ၂၀၁၈ ထိပ်တန်းလူငယ် သိပ္ပံပညာရှင်ဆုရသူ ရီရွှတ်ဂျိန်းက ပြောခဲ့ပါတယ်။ “လူသားမျက်စိနဲ့ ပန်ကရိယကို ရှာတွေ့ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဒီတော့ ကျွမ်းကျင် ကုထုံးပညာရှင်တွေတောင်မှ ပန်ကရိယရှိတဲ့နေရာကို ရှာရာမှာ နာရီနဲ့ချီကြာတတ်ပါတယ်။ ဘာလို့ဆိုတော့ အဲဒီနေရာမှာ ကိုယ်တွင်းအင်္ဂါတွေက ပြွတ်ခဲနေတာပါ။ ပန်ကရိယက အစာအိမ်တို့လို အင်္ဂါတွေရဲ့ နောက်၊ ကျောရိုးနောက်မှာ ရှိတာပါ။ ဒါကြောင့်မို့ ခွဲစိတ်မှုတွေနဲ့ ကုသမှုတွေ လုပ်တဲ့အခါ ပြဿနာရှိတယ်။ ဒီတော့ ပန်ကရိယကို ရှာတွေ့ဖို့ဆိုတာ ခက်ပါတယ်။” လို့  ရီရွှတ်ဂျိန်းက ရှင်းပြပါတယ်။ ရီရွှတ်ဂျိန်းဟာ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေသိပ္ပံ၊ နည်းပညာ၊ အင်ဂျီနီယာနဲ့ သင်္ချာပညာရပ်တွေ  လေ့လာမှုပြုလုပ်ဖို့ရာ အကျိုးအမြတ်မယူတဲ့ ဆမ်ယက်သိပ္ပံအဖွဲ့အစည်းကို တည်ထောင်ထားပါတယ်။
3 years Ago
Up