၏တပ်မတော်တပ်စခန်း ရွှေ့ပြောင်းပေးရန်

A d v e r t i s e m e n t With Us

January 6, 2021

မဲဝိုင်တပ်မတော်တပ်စခန်း ရွှေ့ပြောင်းပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ မဲဝိုင်ဒေသရှိ တပ်မတော်စစ်စခန်းကို ရွေ့ပြောင်းပေးဖို့ ဒေသခံ  ကရင်တိုင်းရင်းသား အင်အား ၁၀၀၀ ကျော်လောက်စုရုံးပြီး ဇန်နဝါရီ ၆ ရက် ဒီနေ့မနက်မှာ  ဆန္ဒပြတောင်းဆိုပါတယ်။ ဒေသတွင်း ဝင်ရောက်အခြေချ တပ်စခန်းတည်ဆောက် နေထိုင်ကာ အနီးနားက ကျေးရွာတွေဘက်ကို လက်နက်ကြီး ပစ်ခတ်နေတဲ့အတွက် မဲဝိုင်တပ်မတော် တပ်စခန်း  ရွှေ့ပြောင်းပေးဖို့ ကျေးရွာ ၃၀ လောက်က ရွာသားတွေစုပြီးတောင်းဆိုတာလို့  ဆန္ဒပြတဲ့ ရွာသားတွေက ပြောပါတယ်။ အဆိုပါတပ်မတော် တပ်စခန်းကနေ ဒီဇင်ဘာလဆန်းကတည်းက စတင်ကာ ဒေသတွင်း ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒေသခံတွေ စပါးရိတ်သိမ်းချိန် မရိတ်သိမ်း နိုင်တော့ဘဲ မဲဝိုင်ကျေးနယ်  ဒေသတွင်းရှိ တခြားကျေးရွာတွေဘက်ကို မိသားစု ၂၀၀ လောက်  စစ်ဘေးရှောင်နေရတယ်လို့လည်း ရွာသားတွေရဲ့ပြောပြချက်အရ သိရပါတယ်။ တပ်မတော် စကခ ၈ လက်အောက်ခံ ခမရ ၄၀၂၊ ၄၀၃၊ ၄၀၄ တပ်ရင်းတွေဟာ  မဲဝိုင် ဒေသ တွင်း ကျေးရွာတချို့ ရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ စခန်းချထားတယ်လို့   ကေအန်ယူ တပ်မဟာ ၅ စစ်ရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။   ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၁၃ နဲ့ ၁၀၁၄ တပ်ရင်းတွေကို ဗိုလ်မှူးဟင်နရီ ဦးစီး စစ်ကြောင်းတွေက မဲဝိုင်၊ မဲပလီ၊ မဲချုံ ကျေးရွာတွေမှာ အခြေချ တပ်စွဲ ထားတယ်လို့လည်း ပြောပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တော့ မဲဝိုင်ဒေသမှာ တပ်မတော်စခန်းတွေ အခြေစိုက်နေတာ ၁၉၈၂ ခုနှစ်ကတည်းက ဖြစ်တယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ သတင်း-စောတာတူး
2 months Ago
Up