၊နေအိမ် ၁၀၀ ခန့် ပျက်စီး

November 9, 2019

သြစတြေးလျတွင် တောမီးကြောင့် လူ ၂ ဦးသေဆုံး၊ နေအိမ် ၁၀၀ ခန့် ပျက်စီး

သြစတြေးလျနိုင်ငံ အရှေ့ပိုင်းမှာ  တောမီးကြောင့် လူနှစ်ယောက် သေဆုံးပြီး နေအိမ် အလုံး ၁၀၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့  အာဏာပိုင်တွေက နိုဝင်ဘာလ ၉ ရက်နေ့မှာ ပြောပါတယ်။     နယူးဆောက်ဝေးပြည်နယ် အုပ်ချုပ်ရေးမှူးက လူ ၂ ယောက် သေဆုံးပြီး  ၇ ယောက် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။  နယူးဆောက်ဝေး မီးသတ်အာဏာပိုင်တွေဟာ လေပြင်းနဲ့ ခြောက်သွေ့ရာသီဥတုက တောမီးကို အမြန်ပျံ့နှံ့စေတာကြောင့် တောမီး ၁၇ ခုကို အရေးပေါ်အဆင့် ကြေညာထားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မနက်က နယူးဆောက်ဝေးမှာ အရေးပေါ် တောမီး ၆ ခုအထိ လောင်နေပြီး ပြည်နယ်တခုလုံးမှာ တောမီး အခု ၇၀ ကျော် လောင်ကျွမ်းနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 
2 years Ago
Up