၉ နှစ်အရွယ် ကလေးငယ်ကို

March 11, 2017

၉ နှစ်အရွယ် ကလေးငယ်ကို သတ်ခဲ့သည့်လူငယ်ကို ဂျာမန်ရဲ ဖမ်းဆီး

၉ နှစ်သားအရွယ် အိမ်နီးချင်း ကလေးတဦးကို သတ်မှုနဲ့ ၁၉ နှစ်အရွယ် လူငယ်တဦးကို ဂျာမန်ရဲတွေက မတ်လ ၉ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ မတ်လ ၆ ရက်နေ့က သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို ရိုင်းဝက်စ်ဖာလီးယား မြောက်ပိုင်းပြည်နယ်၊ ဟန်နာမြို့က လူသတ်မှုကျူးလွန်ခဲ့တဲ့လူငယ်ရဲ့ အိမ်အောက်ထပ်မှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး မာဆယ်အိတ်ခ်ျလို့ခေါ်တဲ့ အဲဒီလူငယ်ကို ရဲတွေက ပိုက်စိပ်တိုက်ရှာနေခဲ့တာ ဖြစ်ပါတယ်။ အဖမ်းခံရတဲ့လူငယ်ဟာ အထူးလျှို့ဝှက်ထားတဲ့ အင်တာနက်ကွန်ရက်မှာ ပုံတွေတင်ပြီး သေဆုံးသွားတဲ့ကလေးကို သတ်ခဲ့တဲ့အကြောင်း ဂုဏ်ယူစွာနဲ့ တင်ခဲ့ပါတယ်။ သူတင်လိုက်တဲ့ပုံတွေကို မြင်မိသူတွေက ရဲကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အထူးလျှို့ဝှက်ထားတဲ့ Dark Net ကွန်ရက်ကို သူ့အတွက် သီးသန့်လုပ်ထားတဲ့ အင်တာနက်ဘရောက်စာကနေပဲ ဝင်ကြည့်လို့ရတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း Dark Net မှာ တရားမဝင်ဆေးဝါး၊ လက်နက်နဲ့ ပိုက်ဆံတု ရောင်းဝယ်မှုတွေ များပြားလာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up