အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ သြစတန်မြို့က ၉ ထပ်မြောက် ကားပါကင်တခုမှာ ကားထိုးရင်း အရှိန်လွန်ကျခဲ့ပေမယ့် ကားမောင်းသူ အသက်ဘေးက သီသီလေး လွတ်မြောက်ခဲ့ပါတယ်။
တိုယိုတာ SUV ကားတစီးဖြစ်ပြီး ကားဘီးနဲ့ ၀ါယာကြိုးတွေ ငြိနေလို့ အောက်အထိ ပြုတ်မကျခဲ့တာပါ။
ကားဘီးနဲ့ ၀ါယာကြိုးတွေငြိပြီး တန်းလန်းဖြစ်နေစဉ် ကားမောင်းသူက အသာအယာထွက်လာပြီး လွတ်မြောက်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
နောက်ပိုင်း ဒေသခံမီးသတ်တပ်ဖွဲ့တွေနဲ့ ကယ်ဆယ်ရေးကုမ္ပဏီတခုက ကားကို ဖြုတ်ချခဲ့ပါတယ်။
4 years Ago