၈ နှစ်​အရွယ်​ကျောင်းသူ

June 28, 2018

၈ နှစ်​အရွယ်​ကျောင်းသူကို ပ​ထွေးဖြစ်​သူက အဓမ္မပြုကျင့်

တနင်္သာရီတိုင်း၊ မော​တောင်​မြို့အနီး သိန်​ခွန်းကျေးရွာအုပ်​စု အမှတ်​(၈)​ကျေးရွာနဲ့ တစ်​မိုင်​ခွဲလောက်ဝေးတဲ့​​ ​တောင်​ယာစိုက်​ခင်း​နေအိမ်​မှာ ၈နှစ်အရွယ် ကျောင်းသူကို ပထွေးက အဓမ္မပြုကျင့်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဇွန်​လ ၁၈ ရက်​ မနက်ပိုင်းက မိခင်​ဖြစ်​သူ ဈေးဝယ်​ဖို့အတွက်​ ၈ နှစ်​အရွယ် ​ဒုတိယတန်း ​ကျောင်းသူနဲ့ ၅ နှစ်​အရွယ်​ မူကြိုတန်း ကျောင်းသူ ၂ ​ဦးကို​ နောက်​အိမ်​​ထောင်​ဖြစ်​သူ ဦး​ကျော်​သန်းနဲ့ အတူထားခဲ့စဉ် အခင်းဖြစ်ပွားခဲ့တာပါ။ မိခင်ဖြစ်သူက ဈေးဝယ်အပြီး နေအိမ်ကို ပြန်ရောက်ချိန် သမီးအကြီးဖြစ်​သူမှာ အိပ်​ယာထဲ အိပ်​​နေလို့ သွားနှိုးရာ သမီးအငယ်က​​ ပ​ထွေးဖြစ်​သူက အမကြီးကို အဓမ္မပြုကျင့်ကြောင်း မိခင်ကို ပြောပြခဲ့ပါတယ်။ မိခင်​က ပ​ထွေးဖြစ်​သူ မရှိခိုက် သမီးကြီးကို မေးမြန်းရာမှာ ပထွေးဖြစ်သူရဲ့ အဓမ္မပြုကျင့်ခံခဲ့ရကြောင်းနဲ့ မိ​ခင်​အားပြန်​​ပြောရင် သတ်​ပြစ်​မယ်လို့  ပထွေးဖြစ်သူက ခြိမ်းခြောက်ခဲ့တယ်လို့လည်းဆိုပါတယ်။ ပထွေးဖြစ်သူ ဦးကျော်သန်းဟာ ညနေ ၅ နာရီလောက်မှာ ရွာထဲရှိ နေအိမ်ကိုပြန်လာပြီး ​ ရန်ရှာမှာစိုးလို့ ​တောင်​ယာ စိုက်​ခင်း​နေအိမ်​ကို မပြန်​ရဲဘဲ ရွာထဲမှာ တပတ်လောက်နေအပြီး ​ကျေးရွာဒေသခံတွေက ဒီိကိစ္စ သိရှိသွားပြီး ​​နောက်​ထပ်​အလားတူ ဖြစ်​ရပ်​တွေ ဖြစ်​လာမှာ စိုးရိမ်တဲ့အတွက် ဇွန်​ ၂၇ ရက်​​ မနက်ပိုင်းမှာ​ မိခင်​ဖြစ်​သူ ​ဒေါ်သန်းရီက ​မော​တောင်​မြို့ ရဲစခန်းမှာအမှုဖွင့် တိုင်​တန်းခဲ့ပါတယ်။ ပ​ထွေးဖြစ်​သူ​ ဦးကျော်သန်းကတော့ ဒီကိစ္စ မဟုတ်​မမှန်​​ကြောင်း ပြန်လည်ငြင်းဆို ထားပါတယ်။ မောတောင်ရဲစခန်းက ဦးကျော်သန်းကို တောင်ယာစိုက်ခင်းနေအိမ်ကနေ ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ-၃၇၆နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ​မော​တောင်​မြို့ ရဲစခန်း စခန်းမှူး ဒုရဲအုပ်​ ဦးဝင်းလှိုင်​ထံက သိရပါတယ်။
3 years Ago
Up