၈ နှစ်အရွယ်

August 20, 2018

၈ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းစော်ကားသူ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံရ

စင်ကာပူနိုင်ငံမှာ အတူနေ ရည်းစားဖြစ်သူရဲ့ အသက် ၈ နှစ်အရွယ် သမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ လူတဦးကို သြဂုတ် ၂ဝ ရက်နေ့က ထောင်ဒဏ် ၁၂ နှစ်ခွဲနဲ့ ကြိမ်ဒဏ် ၁၅ ချက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသက် ၈ နှစ်အရွယ် မိန်းကလေးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သူဟာ စစ်ဘက်စာပို့သမားတဦးဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ ၂ဝ၁၄ ခုနှစ်က မိန်းကလေးရဲ့ ကျောင်းအားလပ်ရက်ကာလက အိမ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာပါ။ အသက် ၈ နှစ်အရွယ် မိန်းကလေးဟာ ၃ ကြိမ်မြောက် လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရအပြီး အိမ်နီးနားချင်းတွေကို ပြောပြခဲ့ရာမှာ အိမ်နီးနားချင်းတွေက အသံဖိုင်မှတ်တမ်း ယူထားခဲ့တာပါ။ ၂ဝ၁၆ ခုနှစ်မှာ အဲဒီအမျိုးသားက မိန်းကလေးကို ရိုက်နှက်ခဲ့ပြီး မိန်းကလေးရဲ့ ဦးခေါင်းက အမာရွတ်ကို အဘွားဖြစ်သူ တွေ့ရှိခဲ့ပြီး ရဲကို တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃ မှု အပါအဝင် အမှု ၅ မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ သြဂုတ် ၂ဝ ရက်နေ့က လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ အမှုတမှုနဲ့ ပတ်သက်ပြီး အဲဒီအမျိုးသားက ဝန်ခံခဲ့တယ်လို့ The Strait Times သတင်းစာမှာ ဖော်ပြထားပါတယ်။
3 years Ago
Up