၈ ဦးသေ (ရုပ်သံ)

February 8, 2018

တရုတ်မြေအောက်ရထားလမ်း မြေကျွံကျမှုကြောင့် ၈ ဦးသေ (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်၊ ဖိုရှန်မြို့က ဆောက်လုပ်ဆဲ မြေအောာက်မီးရထားလမ်းမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က မြေကျွံကျမှုဖြစ်ခဲ့လို့ လူ ၈ ဦးသေဆုံးပြီး ၃ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ နောက်ထပ် ဒဏ်ရာရသူ ၉ ဦးအထိရှိပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဆေးရုံမှာ ဆေးကုသမှု ခံနေပြီလို့ တရုတ်ပို့ဆောင်ရေး ဗျူရိုက ပြောပါတယ်။ မြေကျွံကျတဲ့နေရာဟာ ဖိုဆန်မြေအောက်ရထားလမ်းအမှတ်-၂ ဆောက်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ကျွံကျသွားတဲ့မြေဟာ မြို့တွင်းလမ်းမကြီး တခုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေပြီး မြေကျွံမှု ဘာကြောင့်ဖြစ်တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ပို့ဆောင်ရေးဗျူရိုက ပြောပါတယ်။ တရုတ်နိုင်ငံမှာ ကျန်းမာရေးနဲ့ဘေးကင်းမှုစံနှုန်းတွေ ကြီးကြပ်မှု အားနည်းတဲ့ ပြဿနာတွေရှိနေလို့ လုပ်ငန်းခွင် မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။
4 years Ago
Up