၈ ဦးဒဏ်ရာရ

March 25, 2019

အမြန်လမ်းမကြီးတွင် ယာဉ် ၂ စီးတိုက်မိ၊ ၄ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၇/၃ အနီးမှာ မတ်လ ၂၅ ရက်မနက်က ယာဉ်နှစ်စီးတိုက်မိခဲ့ပြီး ခရီးသည် ၄ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရခဲ့တယ်လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ နေပြည်တော်ကနေ ရန်ကုန်ဘက်သို့မောင်းနှင်လာတဲ့ Light Truck ယာဉ်ကို ယာဉ်ကြောတူနောက်ကနေ မောင်းနှင်လာတဲ့ ရွှေကိန္ဒရီခရီးသည်တင်ယာဉ်က ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာလို့ ဆိုပါတယ်။ မြို့ချောင်း အမြန်လမ်းရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက "အခင်းဖြစ်တဲ့နေရာမှာ သေဆုံးတာက သုံးဦးပါ။ နောက်တယောက်က ဆေးရုံမှာ ဆုံးတာ စုစုပေါင်း ၄ ဦးဖြစ်သွားတယ်။ လူနာတွေ ကိုတော့ ဖြူးဆေးရုံနဲ့ မြို့ချောင်းဆေးရုံကို တင်ထားတာ။ အခုတော့ တောင်ငူဆေးရုံကိုပြောင်းပြီး တင်ထားပါတယ်။ ယာဉ်မောင်းတိုက်တဲ့ ယာဉ်မောင်း ကိုတော့ စစ်ဆေးနေပါပြီ"လို့ ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ရွှေကိန္ဒရီခရီးသည်တင်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေတော့ ဒဏ်ရာရခဲ့တာ မရှိပေမယ့်လည်း Light Truck ယာဉ်ပေါ်မှာလိုက်ပါလာသူ ခရီးသည် ၄ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရှိခဲ့တာပါ။ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး "ရွှေကိန္ဒရီ"ယာဉ်မောင်းကို မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
3 years Ago

October 21, 2017

ပိုလန်နိုင်ငံ ကုန်တိုက်တန်းတွင် ဓားဖြင့်တိုက်ခိုက်မှုကြောင့် ၁ ဦးသေ၊ ၈ ဦးဒဏ်ရာရ

ပိုလန်နိုင်ငံ အရှေ့တောင်ပိုင်း စတာလိုဝါ ဝိုလာမြို့က ကုန်တိုက်တန်းမှာ အောက်တိုဘာ ၂၀ ရက်က ဓားနဲ့ တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရပါတယ်။ တိုက်ခိုက်သူဟာ ကုန်တိုက်တန်းထဲ ဝင်လာပြီး လူတွေကို ဓားနဲ့ စထိုးခဲ့တာလို့ မျက်မြင်သက်သေတယောက်က ပြောပါတယ်။ အခင်းဖြစ်ရာနေရာကို အရေးပေါ် ဆေးတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ ချက်ချင်း ရောက်လာတယ်၊ သွေးလမ်းကြောင်း လုံခြုံရေး ကင်မရာနဲ့ တခြား သက်သေတွေကို စစ်ဆေး ဆောင်ရွက်နေတယ်လို့ ခရိုင်အစိုးရရှေ့နေက ပြောပါတယ်။ တိုက်ခိုက်သူဟာ ရဲလက်ထဲကို မရောက်ခင် ဈေးဝယ်သူတွေရဲ့ အလွန်အကျွံ အင်အားသုံး ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ ရဲမှူးကြီး ခရစ်စတော့ဖ် ပိုဘူတာက ပြောပါတယ်။ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် တိုက်ခိုက်သူဟာ အင်မတန် ဆိုးရွားတဲ့ စိတ်အခြေအနေမှာ ရှိနေတယ်လို့ ပိုဘူတာက ပြောပါတယ်။ တိုက်ခိုက်ခံရလို့ ဒဏ်ရာရတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးဟာ ဆေးရုံကို ခေါ်သွားခံရအပြီးမှာ သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူ ၈ ဦးထဲမှာ  ဦးက ဒဏ်ရာပြင်းထန်ပါတယ်။
4 years Ago
Up