တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ၈ ထပ်အဆောက်အဦ ပြိုကျမှုကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဆယ်ကျော်သက် ၁ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အဆောက်အဦး ပြိုကျပြီး ၄၅ နာရီ အကြာမှာ အပြိုအပျက်တွေ အောက်ကနေ ၁၆ နှစ်အရွယ် လူငယ်တဦးကို ကယ်တင်နိုင်ခဲ့တာပါ။
ဖေဖော်ဝါရီ ၆ ရက်နေ့ အဆောက်အဦပြိုကျမှုကြောင့် သေဆုံးသူ ၁၁ ဦး ရှိပြီး ၁၄ ဦး ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အခန်း ၁၄ ခန်းရှိ အဲဒီအဆောက်အဦမှာ စာရင်းအရ နေထိုင်သူ ၄၃ ဦး ရှိပါတယ်။ ဒါပေမယ့် အပြိုအပျက်တွေအောက် ဘယ်နှယောက် ပိတ်မိနေလဲဆိုတာကိုတော့ ချက်ချင်းမသိရသေးပါဘူး။
ဒါ့ကြောင့်မို့ အနီးဝန်းကျင်က အဆောက်အဦတွေကိုလည်း လုံခြုံရေးအရ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago