၈ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းဆီးအမှုဖွင့်

January 7, 2018

၈ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သူအား ဖမ်းဆီးအမှုဖွင့်

သာစည်မြို့နယ် ပြင်ညောင်ရွာနေတဲ့ မိဘတွေနဲ့ စိတ်ဆိုးလာတဲ့ ၈ တန်းကျောင်းသူကို သွေးဆောင်ဖြားယောင်းကာ အဓမ္မပြုကျင့်တယ်လို့ ယူဆရသူကို ဇန်နဝါရီလ ၆ ရက်က ဖမ်းဆီးအမှုဖွင့်လိုက်တယ်လို့ သာစည်မြို့နယ် ယင်းမာပင်ရွာ ရဲစခန်းက တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ မိဘတွေနဲ့စိတ်ဆိုးပြီး အိမ်ကထွက်လာတဲ့ အသက် ၁၅ နှစ်ရှိ ၈ တန်းကျောင်းသူ မ---နဲ့ တရွာတည်း ရဲမင်းပိုင်တို့ အပါချီဘိလပ်မြေစက် လမ်းဆုံမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ တွေ့ကြတယ်၊ ကျောင်းသူရဲ့ ဦးလေးအိမ်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ပေးမယ်ဆိုပြီး ခေါ်ဆောင်သွားကာ တောင်ကြီးဘက် နန်ပန်တက်ရွာအနီးက တောထဲမှာ အဓမ္မပြုကျင့်ခဲ့တာလို့ ယင်းမာပင်ရွာ ရဲစခန်း စခန်းမှူး ရဲအုပ်‎ကျော်မြင့်သိန်းက ပြောပါတယ်။ “ဖြစ်တာက လွန်ခဲ့တဲ့ ရက်တွေကပါ။ တရွာတည်းဆိုတော့ လူမှုရေးအရ ညှိနှိုင်းနေကြတယ်။ အဆင်မပြေကြတော့ ဒီနေ့ပဲ အမှုလာဖွင့်တယ်။ ကောင်းလေးက အိမ်ထောင်ရှိတယ်" လို့ပြောပါတယ်။ သာစည်မြို့နယ် ယင်းမာပင်ရွာရဲစခန်းမှာ ‎ရဲမင်းပိုင်အား အလိုမတူအဓမ္မပြုကျင့်မှု၊ ‎သွေးဆောင်ဖြားယောင်းမှု ရာဇသတ်ကြီး ‎ပုဒ်မ-၃၇၆/၃၆၆ နဲ့ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up