ဧပြီ ၂၀ ရက်ညက ယှဉ်ပြိုင်တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းက ဒီပို့တီဗိုအသင်းကို ၈ ဂိုးပြတ် သွင်းယူခဲ့သလို ရီးရဲလ်မက်ဒရစ်ကလည်း ဗီလာရီးရဲလ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဘာစီလိုနာနဲ့ ဒီပို့တီဗိုတို့ ပွဲစဉ်မှာ ဆွာရက်ဇ်တဦးတည်း ၄ ဂိုးသွင်းခဲ့ပြီး မက်ဆီ၊ နေမာ၊ ရာကီတစ်နဲ့ ဘာထရာတို့က တဂိုးစီ သွင်းယူပေးခဲ့တာပါ။
ပထမပိုင်းမှာတော့ ဆွာရက်ဇ်က ၂ ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ထားသလို ဒုတိယပိုင်းမှာလည်း ၆ ဂိုး ထပ်မံသွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာဟာ လာလီဂါမှာ ရင်ဆိုင်နေရတဲ့ ရှုံးပွဲတွေကို ရပ်တန့်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အစောပိုင်းက ၉ မှတ်ပြတ် ဦးဆောင်နေခဲ့ပေမယ့် ရှုံးပွဲတွေကြောင့် လက်ရှိ ဘာစီလိုနာဟာ အမှတ်ပေးဇယားမှာ ၃၄ ပွဲကစား ၇၉ မှတ်နဲ့ အက်သလက်တီကိုနဲ့ အမှတ်တူ ဂိုးကွာခြားချက်ကြောင့် ပထမနေရာမှာ ရပ်တည်နေပါတယ်။
ဧပြီ ၂၀ ရက်ညကပဲ ယှဉ်ပြိုင်ခဲ့တဲ့ ရီးရဲလ်နဲ့ ဗီလာရီးရဲလ်တို့ပွဲမှာတော့ ရီးရဲလ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း ၄၁ မိနစ်မှာ ဘန်ဇီးမားက အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့သလို ဒုတိယပိုင်း ၆၉ မိနစ်နဲ့ ၇၆ မိနစ်မှာ ရီးရဲလ်က ၂ ဂိုးဆက်တိုက် သွင်းယူသွားလို့ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ဒီပွဲအနိုင်ကြောင့် ရီးရဲလ်မက်ဒရစ်က ၃၄ ပွဲကစား ၇၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပြီး အပေါ်နှစ်သင်းနဲ့ တမှတ်အကွာမှာ ရှိနေပါတယ်။
ပထမ၊ ဒုတိယနဲ့ တတိယနေရာကို ယူထားတဲ့ အသင်းတွေ အမှတ်ကွာဟချက် နည်းတဲ့အတွက် ရှေ့လာမယ့် စပိန်လာလီဂါ ပွဲစဉ်တွေက ပိုပြီး အကြိတ်အနယ်ရှိလာမှာ ဖြစ်ပါတယ်။
6 years Ago