၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဒေါ်မီးမီး လွတ်မြောက်

A d v e r t i s e m e n t With Us

December 24, 2017

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ယူ

  ကျောင်းသားဘ၀က ၃၃ နစ်ကြာကင်းကွာပြီးတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့တက်ရောက်ယူခဲ့ပါတယ်။ ဦးကိုကိုကြီးဟာ ၁၉၈၄ ခုနစ်မှာ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာ အုပ်ချုပ်ရေး ဘာသာရပ် ပထမအသုတ်ကို တက်ရောက်ခဲ့ပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံမှာ ကျောင်းရပ်နားခဲ့ရပြီး ထောင်ထဲမှာ ၁၉ နှစ်ကျော်ကြာနေခဲ့ပြီးမှ အခုလို ကျောင်းပြန်လည် တက်ရောက်ပြီး ဘွဲ့ ယူခဲ့တာပါ။ “တချို့တွေက ပြောတယ်။ ဒီအသက်ရွယ်မှကျောင်းတက်ပြီး ဘာလုပ်မှာလဲ၊ ဘာထူးမှာလဲ ပေါ့။ ကျနော့်ခံယူချက်ကတော့ ကျနော့်သားသမီးနဲ့ လူငယ်မျိုးဆက်အတွက် စံပြဖခင် စံပြပုဂ္ဂိုလ် ဖြစ်ချင်တာရယ်၊ တချိန်က ကျနော့်ကိုဘွဲ့ရပညာတတ်ဖြစ်စေချင်တဲ့ မိဘနှစ်ပါးအတွက်ပါ”လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးကိုကိုကြီးက ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို တက်ရောက်ခဲ့ချိန်မှာ ကျောင်းသားဘ၀နဲ့ ကင်းကွာ တာရယ် မိသားစုလူမူရေး ဖိစီးမူတွေကြောင့် စာသင်ဖို့အခက်ခဲတွေအများကြီးရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။ ၈၈ မျိုးဆက်တျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဟာ လက်ရှိမှာ နိုင်ငံရေးပါတီအသစ် တခုဖြစ်တဲ့ ရှစ်လေးလုံးပါတီကို တရားဝင်မှတ်ပုံတင်ထားပြီး နိုင်ငံရေးအလုပ်တွေ လုပ်ဆောင်ပါတယ်။
3 years Ago

April 8, 2016

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဒေါ်မီးမီး လွတ်မြောက်

ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက ဒေါ်မီးမီး ဒီနေ့ ပြန်လွတ်မြောက်လာပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်တရားရုံးမှာ  ငြိမ်းချမ်းစွာစုဝေး လှည့်လည်ခွင့် ဥပဒေပုဒ်မ ပုဒ်မ ၁၈ နဲ့ တရားရုံးထုတ်ချိန်အမှု ရုပ်သိမ်းကြောင်း အမိန့်ချခဲ့တာလို့ ဒေါ်မီးမီးက ပြောပါတယ်။ “ကျမတို့ အခုပဲ တရားရုံးကနေပြီးတော့ အမှု ရုပ်သိမ်းလိုက်ပါတယ်ရှင်။ အခု ကျမက ထောင်ကို ခဏပြန်လိုက်သွားတယ်။ ကျမတို့ စာအုပ်တွေလည်းရှိတယ်။ နောက်တခုက မနီလာသိန်းရဲ့ အခြေအနေ အခုထက်ထိ မသိရသေးပါဘူး။ မနီလာသိန်းက ၂၅ ရက်နေ့မှ ရုံးချိန်းပေးထား တယ်ဆိုတဲ့အခါကျတော့ အခုချိန်ထိ မနီလာသိန်းရဲ့ အခြေအနေကို မသိရသေးဘူး။ သူ့အခြေအနေလည်းသိရအောင် ထောင်ကိုတချက်လိုက်သွားပါတယ်။” ဒေါ်မီးမီးကို ၂၀၁၄ ခု နိုဝင်ဘာလက ၄ ရက်က ပြုလုပ်သွားတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို ထောက်ခံဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up