၈၈ မျိုးဆက်များတည်ထောင်မည့် နိုင်ငံရေးပါတီအမည်ဆုံးဖြတ်မည်

December 16, 2017

၈၈ မျိုးဆက်များတည်ထောင်မည့် နိုင်ငံရေးပါတီအမည်ဆုံးဖြတ်မည်

  ၈၈မျိုးဆက်ကျောင်းသားတွေပါဝင်ဖွဲ့စည်းတည်ထောင်မယ့် နိုင်ငံရေးပါတီရဲ့ နာမည်​ကို​တော့  ၂ရက်ကြာ ​ဆွေး​နွေးမှု​အပြီး ​မနက်​ဖြန်​​မှာ ​ဆုံးဖြတ်​ချက် ချသွားဖို့ရှိနေပါတယ်​။ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ပါတီနာမည်ပေးရေးနဲ့ ပါတီမှတ်ပုံတင်ရေး စုံညီအစည်းဝေးကို ဒီဇင်ဘာ ၁၆ ရက်နေ့က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းဝေးမှာ ဦးဆောင်အဖွဲ့ဝင်တွေက ပါတီရဲ့ မူဝါဒအကြမ်းနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမှာပါ။ နိုင်​ငံ​ရေးအရ​ဆွေး​နွေးတဲ့အခါ အားမနာတမ်း​ဆွေး​နွေးသွားမှ ​ကောင်းမွန်​တဲ့ ​ဆွေး​နွေးမှု ရလဒ်​​တွေ ​ပေါ်​ပေါက်​လာမှာဖြစ်​တယ်​လို့လည်း နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး ဦး​ဆောင်ေ​ကော်​မတီဝင်​ ဦးကိုကိုကြီးက ​ပြောပါတယ်​။ ဒီ​နေ့​ဆွေး​နွေးပွဲကို တိုင်းနဲ့ပြည်​နယ်​ ၉ ခုကတက်​​ရောက်​ခဲ့ကြပြီး၊ အခြားတိုင်းနဲ့ ပြည်​နယ်​အသီးသီးကလည်း ဆက်​သွယ်​​မေးမြန်းမှု​တွေရှိ​နေတယ်​လို့ ဆိုပါတယ်​။
4 years Ago
Up