၈၈ ငြိမ်း/ပွင့်

February 9, 2022

ကျောက်ဆည်မြို့က အာဏာရှင်တော်လှန်နေသူများ၏ နေအိမ် ၇ လုံး ချိပ်ပိတ်ခံရ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အတွင်းက စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ ပြည်သူတွေရဲ့ နေအိမ် ၇ လုံး ဖေဖော်ဝါရီ ၇ ရက်နေ့မှာ စစ်ကောင်စီက လာရောက် ချိပ်ပိတ်သွားတယ်လို့  သိရပါတယ်။

ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ၈၈ မျိုးဆက် နိုင်ငံရေးသမားတွေရဲ့ နေအိမ်တွေနဲ့ သူတို့ လုပ်ငန်းလုပ်ကိုင်ရာနေရာတွေ ဖြစ်တယ်လို့ သိရပါတယ်။

(၈၈ ငြိမ်း/ပွင့်) မှ ဦးစိုးသီဟက “လာမယ့် ဖေဖော်ဝါရီ ပြည်ထောင်စုနေ့ ဘာညာ၊ ငြိမ်းချမ်းရေး ဘာညာ လျှောက်ပြောနေတဲ့ဟာက ပြောရရင်တော့ ခွေးပါးစပ်က နတ်စကားထွက်နေတာပဲ။ ဒီ ချိပ်ပိတ်ခံရတဲ့ထဲမှာဆိုရင် သူတို့နဲ့ ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ ABSDF ဥက္ကဋ္ဌ ကိုသံခဲရဲ့ ညီအစ်ကို အိမ်ပါ ပါနေတယ်။ သူ့အိမ်ပါ ချိပ်ပိတ်သွားတာ” လို့ ပြောပါတယ်။

ချိပ်ပိတ်ခံလိုက်ရတဲ့နေအိမ်တွေကတော့ (၈၈ ငြိမ်း/ပွင့်)က  ဦးစိုးသီဟရဲ့ ကြက်မင်းတွန်ရပ်ရှိ သီဟမိတ္တူဆိုင်၊ သစ်ကြီးတန်းရပ်ကွက်က ဦးစိုးရွှေ (ရွှေဇင်မောင်)ရဲ့ နေအိမ်၊ ညောင်ခြောက်ပင် ရပ်ကွက်က ဒေါက်တာမိုးဟိန်းထွန်းရဲ့ အနန္တဂုဏ်ရည်ဆေးခန်း၊ (၈၈ ငြိမ်း/ပွင့်က) ဦးသံမဏိ ရဲ့ ဇာမဏီရောင်းဝယ်ရေး၊ တောင်နံ့သာရပ်ရှိ ဦးကိုကိုထွေး(၈၈ငြိမ်း/ပွင့်)ရဲ့ နေအိမ်၊ အေးမြကြည်လင်ရပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးမင်းသိန်းရဲ့ နေအိမ်နဲ့ ဈေးတန်းရပ်ရှိ ကိုမျိုးမင်းဝင်းရဲ့ ကမ္ဘာကျော်တေးသံသွင်းလုပ်ငန်း တို့ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မကြာခင်ကာလအတွင်းမှာ အဆိုပါ‌ပြည်သူတွေရဲ့ နေအိမ်တချို့ကို ဝင်စီးခံခဲ့ရတာကြောင့် အများစုက ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျန်တဲ့ မိသားစုဝင်တွေကိုပါ နေအိမ်ကနေ အတင်းအဓမ္မ နှင်ထုတ်ပြီး ချိပ်ပိတ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ဦးစိုးသီဟက “သူတို့ကို ဆန့်ကျင်တဲ့ လူတွေကို ဒီလိုလုပ်တယ်၊ ဒီလို လုပ်တယ် ဆိုလို့ရှိရင်တော့ မင်းတို့ အသိမ်းခံရမယ်ဆိုပြီးတော့ ခြောက်လှန့်မှုကလွဲလို့၊ တော်လှန်ရေးသမားတွေနဲ့ ကင်းကွာအောင် လုပ်ငန်းတရပ်ပဲဖြစ်တယ်လို့ အစ်ကိုတို့က မြင်တယ်” လို့ ပြောပါတယ်။

1 year Ago

February 13, 2021

အာဏာသိမ်းစစ်ကောင်စီတွင် ပါသည့် အရပ်သားများ အမြန်နုတ်ထွက်ရန် ၈၈ ငြိမ်း/ပွင့် သတိပေး

အာဏာသိမ်း စစ်ကောင်စီမှာ ပါဝင်နေတဲ့ အရပ်သားတွေအနေနဲ့ ပြည်တွင်း ပြည်ပ အရေးယူ ဒဏ်ခတ်မှုတွေကို ရှောင်ရှားနိုင်‌ဖို့ စစ်ကောင်စီမှ အမြန်ဆုံး နုတ်ထွက်ကြဖို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တပ်မတော်ကို အသုံးချပြီး ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကိုဖမ်းဆီးကာ အာဏာသိမ်း စစ်ကောင်စီကို ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးပါတီက အရပ်သားတွေကိုလည်း စစ်ကောင်စီအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုအခါမှာ ရွေးချယ်ခံ ပြည်ထောင်စုလွှတ်တော်၏ တရားဝင်မှု၊ CDM လှုပ်ရှားမှုနဲ့ လူထုဆန္ဒပြပွဲတွေဟာ ဟန်ချက်ညီညီ လွန်စွာအားကောင်းနေပါတယ်။

အလားတူ အမေရိကန် အပါအဝင် နိုင်ငံတကာ အရေးယူမှုတွေနဲ့အတူ မြန်မာပြည်သူတွေကလည်း  စစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်မှုတွေ စတင်နေတာကြောင့် စစ်ကောင်စီမှာ ခန့်အပ်ခံရတဲ့ အရပ်သားတွေအနေနဲ့ အမြန်ဆုံးနုတ်ထွက်ကြဖို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနေ့ည ကြေညာချက်ထုတ်ပြန် သတိပေးလိုက်တာပါ။

2 years Ago
Up