၈၀ ရာခိုင်နှုန်းကျ

June 4, 2021

ကျောင်းသုံးစ္စည်းရောင်းအား ၈၀ ရာခိုင်နှုန်းကျဆင်း

စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက်  ပထမဆုံးကျောင်းဖွင့်ရာသီ ကျောင်းသုံးစ္စည်းဈေးကွက်မှာ အရောင်း  ၈၀ ရာခိုင်နှုန်းကျ ဆင်းခဲ့တယ်လို့  ကျောင်းသုံးပစ္စည်း လက်လီ၊လက်ကားရောင်းချသူတွေထံက သိရပါတယ်။ 

စစ်ကောင်စီက စာသင်ကျောင်းတွေကို အာဏာသုံးပြီး အတင်းအကျပ် ဖွင့်လှစ်ခဲ့ပေမယ့် မိဘတွေက ကလေးတွေရဲ့လုံခြုံရေးကိုစိုးရိမ်တာ၊ ကိုဗစ်-၁၉ ကူးစက်ခံရမှာကို စိုးရိမ်တာ၊ စစ်ကျွန်ပညာရေး ဆန့်ကျင်ပြီး သပိတ်မှောက်ကြတာကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ကျောင်းအပ်နှံမှုနှုန်း ကျဆင်းခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသားတွေလည်း မရှိသလောက်နည်းပါးတာကြောင့် ကျောင်းသုံးပစ္စည်းရောင်းအားကလည်း ၈၀ ရာခိုင်နှုန်းအ ထိကျဆင်းသွားပါတယ်။

ကျောင်းသုံးပစ္စည်းတွေ ရောင်းအားကျ သွားပေးမယ့် သယ်ယူစရိတ်မြင့်တာ၊ မြန်မာငွေတန်ဖိုးကျပြီးဒေါ်လာ ဈေးတက်တာ၊ ပြည်ပက တင်သွင်းတဲ့ စက္ကူကုန်ကြမ်းနဲ့ စာရေးကိရိယာဈေးတက်တာတွေကြောင့် ကျောင်းသုံးပစ္စည်တွေဈေးက မြင့်တက်နေပါတယ်လို့ ကျောင်းသုံးပစ္စည်းရောင်းချသူ တဦးက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ဇွန်လ ၁ ရက်နေ့မှာ  နိုင်ငံတဝန်း အခြေခံပညာ  ကျောင်းတွေ ပြန်ဖွင့်နေသလို တဖက်ကလည်း CDM ဝင်တဲ့ဆရာ ဆရာမတွေကို ရာထူးကထုတ်ပယ်တာ၊ ဖမ်းဆီးတရားစွဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ 

မြန်မာတစ်နိုင်ငံလုံးမှာ ဆရာ၊ ဆရာမ စုစုပေါင်း လေးသိန်းခွဲနီးပါးရှိနေပြီး အဲ့ဒီအထဲက CDM ဝင်ခဲ့တဲ့ ဆရာ၊ ဆရာမ တစ်သိန်းခွဲဝန်းကျင်ကို စစ်ကောင်စီက အလုပ်ကနေ ရပ်ဆိုင်းထားပါတယ်။ 

8 months Ago
Up