၈ဦးကျဆုံး

March 27, 2021

မူဆယ်နှင့် လားရှိုး သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရတာကြောင့် ၈ ဦးကျဆုံး

မူဆယ်နှင့် လားရှိုးမှာ ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင‌ေစနစ်ကို ငြိမ်းချမ်းစွဆန့်ကျင် ဆန္ဒဖော်ထုတ်နေတဲ့ သပိတ်စစ်ကြောင်းကို အကြမ်းဖက် ရဲ၊ စစ်တပ် နဲ့ ပြည်သူ့စစ်တို့ရဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် ဆန္ဒပြပြည်သူ ၈ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ အများအပြားရှိတယ်လို့ သိရပါတယ်။

မူဆယ်မှာ သပိတ်စစ်ကြောင်းကို ရဲ၊ စစ်တပ်အပြင် ပြည်သူ့စစ်တို့က ကြည်အစစ်နဲ့ ပစ်ခတ် ဖြိုခွင်းခံရတာကြောင့် ၅ ဦးကျည်ထိမှန်ပြီး ၃ ဦး ကျဆုံးခဲ့ပါတယ်။

လားရှိုး သပိတ်စစ်ကြောင်းမှာတော့ ၄ ဦး ကျဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူတွေနဲ့ ဖမ်းဆီးခံရသူတွေ အများအပြား ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မူဆယ်မှာ ကျဆုံးသူ ကိုစိုးညီအပါအဝင် ၃ ဦး ဖြစ်ပြီး လားရှိုးမှာတော့ အသက် ၂၂ နှစ် အရွယ် ဥပဒေ နောက်ဆုံးနှစ် ကိုမိုင်းမင်းနောင်၊ အသက် ၃၁ နှစ်အရွယ် ကိုစိုင်းလှထွန်း၊ အသက် ၂၇ နှစ် အရွယ် ကိုထွန်းတင့်ခိုင်နဲ့ မိန်း ကလေး ၁ ဦးတို့ ဖြစ်ပါတယ်။

လားရှိုးက ဗိုက်ပေါက်သွားတဲ့ မိန်းကလေးအလောင်းကိုတော့ စစ်ကားနဲ့ သယ်ယူသွားလို့ အဘောင်း ပြန်မရတဲ့အပြင် ဘယ်သူ ဘယ်ဝါဆိုတာ အတည်အပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

8 months Ago
Up