၇ နှစ်အရွယ် ကလေးငယ်ကို မိဘများက တောတွင်း စွန့်ပစ်

A d v e r t i s e m e n t With Us

May 31, 2016

၇ နှစ်အရွယ် ကလေးငယ်ကို မိဘများက တောတွင်း စွန့်ပစ်

ဂျပန်နိုင်ငံမြောက်ပိုင်း၊ ဟော့ကိုင်းဒိုးကျွန်းဟာ ကျယ်ပြန်တဲ့ ဧရိယာနဲ့ နက်ရှိုင်းတဲ့ တောအုပ်တွေ ရှိတဲ့အတွက် နှင်းလျှောစီးတာတွေ၊ တောတွင်းတောင်တက်ခရီးစဉ်တွေ အတွက် အပြည့်စုံဆုံးနေရာအဖြစ် ကျော်ကြားပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ဒီတောတွင်းမှာ ဇနီးမောင်နှံ ၂ ဦးဟာ သူတို့စကားကို နားမထောင်တဲ့ လူမမည်ကလေးငယ်ကို စွန့်ပစ်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ရဲတွေဟာ တန်နိုကာတို့ ဇနီးမောင်နှံဆီက အသက် ၇ နှစ်အရွယ် သားဖြစ်သူ ယာမာတိုဟာ လေ့လာရေး ခရီးစဉ်တခုအတွင်း မေလ ၂၈ ရက်နေ့ ညနေပိုင်းမှာ ပျောက်ဆုံးသွားကြောင်း တိုင်ကြားစာကို လက်ခံရရှိခဲ့တာပါ။ ဟော့ကိုင်းဒိုးကျွန်း အနောက်တောင်ပိုင်း၊ အမြင့် ၃၇၁၁ ပေရှိတဲ့ ကိုမာကာဒါကီ မီးတောင်အောက်ခြေ တောတွင်းမှာ ပျောက်ဆုံးနေခဲ့တာလို့ သူတို့က တိုင်ကြားခဲ့ကြတာပါ။ ရဲတွေဟာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ချက်ချင်း ရှာဖွေခဲ့ပေမယ့် အဲဒီနေရာမှာ ကလေးငယ်ဟာ ရှိမနေတော့ပါဘူး။ ရဲတွေက မိဘ ၂ ဦးကို ခေါ်ယူစစ်မေးမှုတွေ ပြုလုပ်ခဲ့ချိန်မှာတော့ သားဖြစ်သူဟာ လေ့လာရေးခရီးစဉ်မှာ ပျောက်ဆုံးခဲ့တာမဟုတ်ဘဲ မိဘတွေရဲ့ ပြောစကားကို နားမထောင်တဲ့အတွက် ပြစ်ဒဏ်ပေးတဲ့အနေနဲ့ ခုလို စွန့်ပစ်ခဲ့တာဖြစ်ကြောင်း ၀န်ခံခဲ့ကြတာပါ။ သူတို့ဟာ ပြစ်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ညနေပိုင်း ၅ နာရီကျော်လောက်မှာ ကိုမာကာဒါကီ မီးတောင်ခြေ တောတွင်းဆီ ကားနဲ့မောင်းလာပြီး သားဖြစ်သူကို ကားပေါ်က ဆင်းခိုင်းကာ မောင်းထွက်သွားခဲ့ကြတာလို့ Rocketnews24 သတင်းမှာ ဖော်ပြပါတယ်။ သူတို့ဟာ အဲဒီနေရာဆီ နောက်တကြိမ် ပြန်ရောက်ခဲ့ချိန်မှာတော့ သားဖြစ်သူကို မတွေ့ရတော့ဘူးလို့ ပြောပါတယ်။ ကလေးငယ်ဟာ အနက်ရောင်တီရှပ်နဲ့ နက်ပြာရောင် နိုင်လွန်ဘောင်းဘီတိုကို ၀တ်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ မြေပြင်မှာရော ရဟတ်ယာဉ်တွေနဲ့ပါ စုံစမ်းရှာဖွေနေကြပေမယ့် မေလ ၃၀ ရက်နေ့ထိ အဆိုပါကလေးငယ်ကို မတွေ့ရှိရသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up