၇ ဦး သေဆုံး

January 15, 2021

အင်ဒိုနီးရှားတွင် ပြင်းအား ၆ ဒသမ ၂  အဆင့်ရှိ မြေငလျင်ကြောင့် ၇ ဦး သေဆုံး၊ ရာချီဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ဇန်နဝါရီ ၁၅ ရက်က ပြင်းအား ၆ ဒသမ ၂  မဂ္ဂနီကျူ့ရှိတဲ့ မြေငလျင်လှုပ်ခဲ့တာကြောင့် လူ ၇ ယောက် ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။  ငလျင်ကြောင့် လူပေါင်း ထောင်ချီနေအိမ်တွေကနေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေပါတယ်။ ဒေသစံတော်ချိန် မနက် ၁ နာရီကျော်အချိန်မှာ မြေငလျင် လှုပ်ခဲ့တာဖြစ်ပြီး နေအိမ် အလုံး ၆၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက ပြောပါတယ်။  မြေငလျင်ဗဟိုချက်မြောက်ပိုင်း မမ်မူဂျူဒေသက  ဟိုတယ်နှစ်လုံး၊ အစိုးရ အဆောက်အဦ ၁ လုံးနဲ့ ရှော့ပင်းမော်လ်တခုအပါအဝင် အဆောက်အဦတချို့ ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တယ်လို့  ဒေသခံသတင်းထောက်တဦးက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ 
11 months Ago

August 8, 2020

အိန္ဒိယတောင်ပိုင်းတွင် မြေပြိုမှုကြောင့် အနည်းဆုံး ၇ ဦး သေဆုံး

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရာလာပြည်နယ်မှာ မိုးကြီးရေလွှမ်းတာကြောင့် မြေပြိုမှုဖြစ်ခဲ့တာကြောင့် သြဂုတ် ၇ ရက်က လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။  ဒေသမီဒီယာ အဆိုအရ  အယောက်  ၈၀ ထက်မနည်း အပျက်အစီးတွေေအောက် ပိတ်မိ နေဆဲဖြစ်ပြီး သေဆုံးသူ  တိုးလာနိုင်ဖွယ် ရှိပါတယ်။  ဗွီဒီယိုထဲမှာ တောတောင်ထူတဲ့ အီဒွတ်ကီခရိုင် မြေပြိုနေရာက ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ သယ်ဆောင်လာတာကို တွေ့ရပါတယ်။  အိန္ဒိယနိုင်ငံရဲ့ သီးနှံလယ်မြေ ထက်ဝက်လောက်ဟာ ဆည်သွင်းရေ မရတာမို့ နှစ်စဉ် မုတ်သုံရာသီဟာ နိုင်ငံအတွက် အရေးပါလှပါတယ်။  မုတ်သုံမိုးဟာ  ကျေးလက်ဒေသမှာ နေထိုင်ပြီး လယ်ယာလုပ်ငန်းကို အားထားနေတဲ့ အိန္ဒိယလူဦးရေရဲ့  သုံးပုံနှစ်ပုံကို  အထောက်အကူ ပြုနေတာပါ။  ဒါပေမဲ့ မိုးအလွန်အကျွံ ရွာမှုကြောင့်  ရေကြီး မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါလို ပြဿနာ အများအပြားလည်း ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up