အိန္ဒိယနိုင်ငံ တောင်ပိုင်း အင်ဒရာပရာဒေ့ရှ် ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံ သံသယ လူနာတွေကို ရောဂါခြေချုပ်အဖြစ် ထားရှိတဲ့ ဟိုတယ်တလုံး သြဂုတ် ၉ ရက်က အကြီးအကျယ် မီးလောင်လို့ လူ ၇ ယောက်ထက် မနည်း သေဆုံးပါတယ်။
လူနာ ၂၂ ယောက်ကို ကုသပေးနေတဲ့ ဟိုတယ်မှာ မနက် ငါးနာရီလောက်က မီးလောင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
အဆောက်အဦတခုလုံးက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ပြီး ပိုးသတ်ပြီးပြီလို့ ဆိုပါတယ်။
မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ပြည်နယ်အရာရှိတွေကို အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
အရင်အပတ်ကလည်း အိန္ဒိယ အနောက်ပိုင်း အာမဒ်ဒါဘဒ်မြို့က ပုဂ္ဂလိက ဆေးရုံ အထူးကြပ်မတ် ကုသဆောင် မီးလောင်လို့ ကိုဗစ်-၁၉ လူနာ ၈ ယောက် သေဆုံးခဲ့ပါတယ်။
2 years Ago