၇ ဦးသေဆုံး

December 23, 2016

အမြန်လမ်းမကြီးပေါ်တွင် မန္တလာမင်း ခရီးသည်ယာဉ် တိမ်းမှောက်၊ ၇ ဦးသေဆုံး

နေပြည်တော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ မန္တလာမင်း ခရီးသည်တင်ယာဉ်ဟာ ဒီဇင်ဘာ ၂၂ ရက် ည ၇ နာရီကျော်လောက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၉၁ မိုင် ၄ ဖာလုံနဲ့ ၅ ဖာလုံအကြားမှာ တိမ်းမှောက်သွားတဲ့အတွက် ခရီးသည် ၇ ဦး သေဆုံးသွားပါတယ်။ မန္တလာမင်းကားဟာ ရှေ့ဝဲဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တံတား ၂ ခုကြား ရိုးချောင်းထဲကို ထိုးကျ မှောက်ခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေက ဆိုပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရသွားပါတယ်။ သေဆုံးတဲ့သူတွေနဲ့ လူနာတွေကို လူနာတင်ယာဉ်တွေနဲ့ မြို့ချောင်းဆေးရုံကို ပို့ထားတယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။ ယာဉ်တိမ်းမှောက်ရာနေရာမှာ မြို့ချောင်းနဲ့ ဖြူး၊ အမြန်လမ်းမကြီးရဲစခန်းက တာဝန်ရှိသူတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)
5 years Ago
Up