၇ ရာခိုင်နှုန်း ပိုတိုး

March 5, 2020

ဘရာဇီးနိုင်ငံတွင် လူသတ်မှုနှုန်း နှစ်စဉ် မြင့်တက်

ဘရာဇီးနိုင်ငံဟာ တခြားနိုင်ငံတွေထက်ပိုပြီး နှစ်စဉ် လူသတ်မှုနှုန်း မြင့်တက်နေပြီး    ၂၀၁၉ မှာ လူအယောက် ၁၃၁၀ အသတ်ခံရကာ အရင်နှစ်ကထက် ၇ ရာခိုင်နှုန်း ပိုတိုးလာခဲ့တာလို့ ဖိုလ်ဟာဒေဆောင်ပါလို သတင်းစာက ရေးပါတယ်။   ဘရာဇီးတနိုင်ငံလုံးမှာတော့ အိမ်တွင်းအကြမ်းဖက်မှု ဒါမှမဟုတ် အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်မှု သမိုင်းရှိခဲ့လို့ လူသတ်မှုဆိုတာဟာ အမျိုးသမီးတွေကို သတ်မှုအဖြစ် သက်သေပြနိုင်တယ်လို့ ဆိုပါတယ်။   ရီယိုဒီဂျနေရိုပြည်နယ်က ဆင်းရဲပြီး အကြမ်းဖက်မှုများတဲ့ ဒူကေးဒေ ကာဆီယက်စ်မြို့မှာ တော့ လူသတ်မှု အမြင့်ဆုံးပါ။ အဲဒီမြို့က အမျိုးသမီးတွေပေါ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေးတာဝန်ခံ အကြီးတန်း ရဲအရာရှိကတော့ ဒီလိုရာဇဝတ်မှုဟာ ယောက်ျားကြီးစိုးပြီး မာန်ဖီနေတဲ့ လူ့အဖွဲ့အစည်းကနေ အခြေခံတယ်၊ မိသားစုရာဇဝင်က ကြီးမားတဲ့ အခန်းကဏ္ဍမှာပါနေတယ်လို့ ပြောပါတယ်။   အမျိုးသမီးတွေအပေါ် ရန်လိုမှုအတွက် အမျိုးသားတွေဟာ ဂယက်ရိုက်မှု နည်းနည်းပဲ ခံရတယ်လို့လည်း သူက ဆက်ပြောပါတယ်။   ရာဇဝတ်မှုတွေကို တိုင်ကြားလေ့ မရှိလို့ တရားစီရင်ဖို့ ခက်နိုင်ပါတယ်။   ရန်လိုသူက လွတ်မြောက်နေတဲ့အခါ ဓားစာခံက အကျပ်ရိုက်နေတော့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး ဒါနီအေလာ ဂက်စ်ပါရင်ဟာ ဘတ်စ်ကားပေါ်မှာ ရည်းစားဟောင်းက ဓားနဲ့ခုတ်ခဲ့လို့ လက်တဖက် ဆုံးရှုံးခဲ့ပြီး ခုချိန်ထိ အကြောက်တရားနဲ့ နေထိုင်ရဆဲလို့ ပြောပါတယ်။   ဘရာဇီးအမျိုးသားတွေ လက်ထဲမှာ အမျိုးသမီးတွေ သေဆုံးနှုန်း တိုးလာနေလို့ အခြေအနေ ပိုဆိုးနိုင်တယ်ဆိုတာ သိတယ်လို့ သူက ပြောခဲ့ပါတယ်။
1 year Ago
Up