၇ နိုင်ငံ

September 7, 2019

ကမ္ဘာ့အကြီးဆုံး အမေဇုန်မိုးသစ်တော ကာကွယ်ရန် ၇ နိုင်ငံ သဘောတူ

ကမ္ဘာ့အကြီးဆုံး အမေဇုန် မိုးသစ်တောကို ကာကွယ်စောင့်ရှောက်ဖို့ စက်တင်ဘာလ ၆ ရက်နေ့က  နိုင်ငံ ၇ နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။  အဲဒီနိုင်ငံတွေကတော့  အမေဇုန်သစ်တောလွှမ်းခြုံတည်ရှိရာ ကိုလံဘီယာ၊ ဘိုလီးဗီးယား၊ အီကွေဒေါ၊ ပီရူး၊ ဆာရီနမင်၊ ဂိုင်ယာနာ နဲ့ ဘရာဇီးနိုင်ငံတို့ဖြစ်ပါတယ်။  အဲဒီတရက်ကြာ ထိပ်သီးဆွေးနွေးပွဲကို ကိုလံဘီယာတောင်ပိုင်း လက်တီတီ ယာတောအုပ်မြို့လေးမှာ ပြုလုပ်ခဲ့တာပါ။   ထိပ်သီးဆွေးနွေးပွဲမှာ ဘရာဇီး သမ္မတ ဘော်ဆိုနာရိုက ဗွီဒီယိုလင့်ခ်ကနေ ပါဝင်တက်ရောက်ခဲ့ပြီး ဘရာဇီး နိုင်ငံခြားရေးဝန်ကြီးကတော့ လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။  အခုလက်မှတ်ရေးထိုးတဲ့ သဘောတူညီချက်အရ နိုင်ငံ ၇ ခုဟာ  သဘာဝဘေးအန္တရာယ် ကာကွယ်ရေး နက်ဝါ့ခ်ကို တည်ထောင်ပြိး တောမီးအကြီးအကျယ်လောင်တဲ့ ဖြစ်ရပ်မျိုး ကြုံတွေ့တဲ့အခါ  ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။  နောက်ပြီး အမေဇုန်နိုင်ငံများအုပ်စုကနေ သစ်တောပြန်လည်ထိန်းသိမ်းရေး၊ သစ်တော ပြုန်းတီးမှုစောင့်ကြည့်ရေး၊ ပညာပေးရေးနဲ့ ရေရှည်ဖွံဖြိုးမှုပိုင်းမှာ ဌာနေတိုင်းရင်းသား အခန်းကဏ္ဍတိုးမြှင့်ရေးတို့ ပါဝင်ပါတယ်။  ဒါ့အပြင် သဘောဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ တရားမဝင် သတ္တုတူးဖော်မှုတွေလို လုပ်ငန်းတွေကို သတင်းအချက်အလက် မျှဝေသွားဖို့လည်း အဆိုပါနိုင်ငံတွေက သဘောတူခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~ Zawgyi_version ကမာၻ႔အႀကီးဆုံး အေမဇုန္မိုးသစ္ေတာ ကာကြယ္ရန္ ၇ ႏိုင္ငံ သေဘာတူ ကမာၻ႔အႀကီးဆုံး အေမဇုန္ မိုးသစ္ေတာကို ကာကြယ္ေစာင့္ေရွာက္ဖို႔ စက္တင္ဘာလ ၆ ရက္ေန႔က  ႏိုင္ငံ ၇ ႏိုင္ငံ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ပါတယ္။ အဲဒီႏိုင္ငံေတြကေတာ့  အေမဇုန္သစ္ေတာလႊမ္းၿခဳံတည္ရွိရာ ကိုလံဘီယာ၊ ဘိုလီးဗီးယား၊ အီေကြေဒါ၊ ပီ႐ူး၊ ဆာရီနမင္၊ ဂိုင္ယာနာ နဲ႔ ဘရာဇီးႏိုင္ငံတို႔ျဖစ္ပါတယ္။ အဲဒီတရက္ၾကာ ထိပ္သီးေဆြးေႏြးပြဲကို ကိုလံဘီယာေတာင္ပိုင္း လက္တီတီ ယာေတာအုပ္ၿမိဳ႕ေလးမွာ ျပဳလုပ္ခဲ့တာပါ။ ထိပ္သီးေဆြးေႏြးပြဲမွာ ဘရာဇီး သမၼတ ေဘာ္ဆိုနာ႐ိုက ဗြီဒီယိုလင့္ခ္ကေန ပါဝင္တက္ေရာက္ခဲ့ၿပီး ဘရာဇီး ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ လူကိုယ္တိုင္ တက္ေရာက္ခဲ့ပါတယ္။ အခုလက္မွတ္ေရးထိုးတဲ့ သေဘာတူညီခ်က္အရ ႏိုင္ငံ ၇ ခုဟာ  သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရး နက္ဝါ့ခ္ကို တည္ေထာင္ၿပိး ေတာမီးအႀကီးအက်ယ္ေလာင္တဲ့ ျဖစ္ရပ္မ်ိဳး ႀကဳံေတြ႕တဲ့အခါ  ပူးေပါင္းေဆာင္႐ြက္ဖို႔ပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး အေမဇုန္ႏိုင္ငံမ်ားအုပ္စုကေန သစ္ေတာျပန္လည္ထိန္းသိမ္းေရး၊ သစ္ေတာ ျပဳန္းတီးမႈေစာင့္ၾကည့္ေရး၊ ပညာေပးေရးနဲ႔ ေရရွည္ဖြံၿဖိဳးမႈပိုင္းမွာ ဌာေနတိုင္းရင္းသား အခန္းက႑တိုးျမႇင့္ေရးတို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ သေဘာဝပတ္ဝန္းက်င္ ထိခိုက္ေစတဲ့ တရားမဝင္ သတၱဳတူးေဖာ္မႈေတြလို လုပ္ငန္းေတြကို သတင္းအခ်က္အလက္ မွ်ေဝသြားဖို႔လည္း အဆိုပါႏိုင္ငံေတြက သေဘာတူခဲ့တယ္လို႔ ႐ိုက္တာသတင္းက ဆိုပါတယ္။
2 years Ago
Up