၇ ထပ်အဆောက်အအုံ

January 5, 2020

ကမ္ဘောဒီးယားတွင် ၇ ထပ်အဆောက်အအုံပြိုကျ၊ ၃၆ ဦးထက်မနည်း သေဆုံး

ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖနွမ်ပင်အနောက်တောင်ပိုင်းက ကမ်းရိုးတန်းမြို့ကပ်ပ်မှာ ၇ ထပ်အဆောက်အအုံတလုံးပြိုကျလို့ လူ ၃၆ ယောက်ထက်မနည်း သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။ “ဘယ်နှယောက်မှန်း မသိသေးတဲ့ လူတွေ ပိတ်မိနေဆဲပဲ။ အဆောက်အအုံပိုင်ရှင် ဇနီးမောင်နှံကို စစ်မေးဖို့ အာဏာပိုင်တွေက ထိန်းသိမ်းထားတယ်” လို့  ကပ်ပ်မြို့ အုပ်ချုပ်ရေးမှူး ခမ် စာသာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အပျက်အစီးပုံအောက်က ပျောက်နေတဲ့ သူတွေဆီကို ရောက်နိုင်ဖို့ ကယ်ဆယ်ရေးသမားတွေ ကြိုးစားနေဆဲလို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။  ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ်ခရီးသည်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အသည်းအသန် တိုးလာနေလို့ ဆောက်လုပ်ရေးလုပ်ငန်း အရှိန်အဟုန်နဲ့ တိုးတက်နေချိန်မှာ ခုလိုဖြစ်တာပါ။  မနှစ်ကလည်း ဖရာ့စီဟာနုပြည်နယ်ထဲမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု ပြိုကျခဲ့လို့ လူ ၂၈ ယောက် သေဆုံးခဲ့ပါတယ်။ 
2 years Ago
Up