ရော့ကီဖယ်လာ စင်တာကို ၇၅ ပေ ရှည်လျားတဲ့ ခရစ္စမတ်သစ်ပင်ကြီး နိုဝင်ဘာ ၁၄ ရက်မှာ ရောက်ရှိလာပြီး ၂၀၂၀ ပြည့်နှစ် နယူးယောက် ခရစ္စမတ်ရသီ စတင်တော့မှာဖြစ်ပါတယ်။
၁၁ တန်ရှိတဲ့ နော်ဝေး Spruce သစ်ပင်ကြီးကို နယူးယောက် အွန်နီအွန်တာကနေ မင်ဟက်တန်အထိ ၁၈၅ မိုင် ခရီးစဉ်ကို ရဲအစောင့်အရှာက်နဲ့ သယ်ဆောင်လာခဲ့ပြီး မန်ဟက်တန်မှာ ဒီအပင်ကိုထားမှာ ဖြစ်ပါတယ်။
မီထွန်းပွဲတော်ကို ရော့ကီဖယ်လာပလာဇာမှာ ဒီဇင်ဘာ ၂ ရက်နေ့ ကျင်းပဖို့ စီစဉ်ထားတယ်လို့ NBC မှာ ဖော်ပြထားပြီး ဒီပွဲတော်ကို ရုပ်သံကနေလည်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူကိုယ်တိုင် လာရောက်ကြည့်ရှုမှုကိုတော့ ဒီနှစ်ခွင့်ပြုသွားမှာ မဟုတ်ဘူးလို့လည်း သတင်းမှာ ရေးသားထားပါတယ်။
ဒါပေမဲ့ ဧည့်သည်တွေအနေနဲ့ ဒီသစ်ပင်ကို အားလပ်ရက်ရာသီမှာတော့ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ရော့ကီဖယ်လာစင်တာက သစ်ပင်ကြီးကို ၅ မိုင် ရှည်လျားတဲ့ ဝါယာကြိုတွေ၊ ထောင်ချီတဲ့မီးလုံးတွေနဲ့အတူ အလှဆင်လေ့ရှိပြီး ထိပ်မှာ ကြယ်ပွင့်ကြီးတစ်လုံးကိုလည်း တပ်ဆင်ကြပါတယ်။
ဒါကို လူသန်းပေါင်းများစွာက လာရောက်ကြည့်ရှုလေ့ရှိပါတယ်။ ဒီနှစ်သစ်ပင်ကို Daddy Al's General Store က လှူဒါန်းတာ ဖြစ်ပါတယ်။
5 months Ago