၇၅၀၀ ကယ်လိုရီခန့်ရှိ အစားအစာများ စားသောက်စံချိန်တင်သည့် အမျိုးသား

September 18, 2017

၇၅၀၀ ကယ်လိုရီခန့်ရှိ အစားအစာများ စားသောက်စံချိန်တင်သည့် အမျိုးသား (ရုပ်သံ)

၅ မိနစ်ခွဲအတွင်း မက်ဟမ်ဘာဂါ၊ အာလူးကြော်တွေနဲ့ မစ်ခ်ရှိတ်တွေ ကုန်အောင်သောက်ပြသွားနိုင်ပြီး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေတဲ့ အမျိုးသားတဦး ရုပ်သံ ထွက်ပေါ်လာပါတယ်။ မက်တ်စတုန်နီလို့ အမည်ရတဲ့ အမျိုးသားဟာ မက်ဟမ်ဘာဂါ အကြီး ၄ ခု၊ အာလူးချောင်းကြော် အထုပ်ကြီး ၄ ထုပ်နဲ့ ဗယ်နီလာ မစ်ခ်ရှိတ်ခွက်ကြီး ၄ ခွက်ကို ၅ မိနစ်ခွဲအတွင်း တထိုင်တည်းကုန်အောင် စားပြသွားတဲ့ ဒီရုပ်သံကို ယူကျုပေါ်မှာ ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၂ သန်းနီးပါးရှိတယ်လို့ သိရပါတယ်။ မက်တ်က သူ့ရဲ့ပြိုင်ဘက် လဲ့ရှက်ကီဗာရဲ့ ဒီလိုတူညီတဲ့ အစားအသောက် ပမာဏကို ၆ မိနစ် ၁၅ စက္ကန့်အတွင်း စားပြသွားနိုင်တဲ့ စံချိန်ကို ရိုက်ချိုးဖို့ ရည်ရွယ်ချက်နဲ့ ၇၄၈၀ ကယ်လိုရီရှိတဲ့ အသင့်စား အစာတွေကို ၅ မိနစ်နဲ့ ၃၁ စက္ကန့်အတွင်း ကုန်အောင် စားပြခဲ့တာပါ။ မက်တ်ဟာ ဟမ်ဘာဂါအကြီး ၄ လုံးနဲ့ မစ်ခ်ရှိတ်ခွက်ကြီး တခွက်ကို ၁ မိနစ်နဲ့ ၄၀ စက္ကန့်အတွင်း အောင်မြင်စွာ စားပြနိုင်ခြင်းနဲ့ မက်ဒေါ်နယ်အစားအစာ စိန်ခေါ်ပွဲကို စတင်ခဲ့ပါတယ်။ ဒါပေမယ့် အာလူးချောင်းကြော်တွေ စားပြရတာက စိန်ခေါ်မှုတခုဖြစ်နေပြီး မက်တ်က အာလူးချောင်းကြော်တွေကို လက်တဆုပ်အပြည့်ယူကာ ပါးစပ်ထဲထိုးသွင်းပြီး မစ်ခ်ရှိတ်တွေနဲ့ မျှောချခဲ့ပါတယ်။ အဲ့ဒီနောက် အစားအသောက်စိန်ခေါ်ပွဲရဲ့ နောက်ဆုံးကျန်နေတဲ့ ဗယ်နီလာမစ်ခ်ရှိတ် ခွက်ကြီး ၂ ခွက်ကို စက္ကန့် ၂၀ အတွင်း ပြီးအောင် သောက်ပြခဲ့တာပါ။ မက်တ်က အောင်မြင်မှုရပြီးနောက် “ဒါပါပဲ၊ ဒါက မဖြစ်နိုင်ဘူး၊ ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ ဖြစ်နိုင်တဲ့ Big Mac စိန်ခေါ်မှုပါ၊ ဒါပေမယ့် အဲ့ဒါက ခင်ဗျားကို ဗိုက်ပြည့်သွားစေမယ်” လို့ ပြောကြောင်း စက်တင်ဘာ ၁၆ ရက်နေ့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up