၇၄ ပွဲ ဆက်ကစားသည့်စံချိန်ကို ကျော်ဖြတ်ရန်

December 8, 2017

၇၄ ပွဲ ဆက်ကစားသည့်စံချိန်ကို ကျော်ဖြတ်ရန် ကြိုးပမ်းမည်ဟု ချဲလ်ဆီးနောက်ခံလူပြော

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၇၄ ပွဲဆက်တိုက် ပွဲထွက်ကစားခဲ့တဲ့ စံချိန်ကို ထပ်ပြီးကျော်ဖြတ်ဖို့ ကြိုးစားမယ်လို့ ချဲလ်ဆီးနောက်ခံလူ အက်ဇ်ပီလီကျူတာက ပြောပါတယ်။ စပိန်နောက်ခံလူ အက်ဇ်ပီလီကျူတာဟာ ၇၄ ပွဲဆက်တိုက် ပရီးမီးယားလိဂ်ပွဲစဉ် အားလုံးကို ပွဲချိန်ပြည့်ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က ဆွမ်ဆီးနဲ့ ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ရလို့ ၂ နှစ်ကြာခဲ့တဲ့ သူ့ရဲ့ပွဲထွက်ကစားတဲ့ စံချိန်တွေ ပျက်ပြယ်ခဲ့တာပါ။ နည်းပြတဦးအနေနဲ့ အကောင်းဆုံး ကစားသမားတွေကို ပွဲထွက်ကစားစေတာဖြစ်ပြီး စံချိန်ပျက်ပြယ်သွားတဲ့တွက် နည်းပြကွန်တီအပေါ်မှာ မကျေနပ်တာ မရှိဘူးလို့လည်း အက်ဇ်ပီကျူလီတာက ဆိုပါတယ်။ ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပွဲအများဆုံး ဆက်တိုက်ပွဲထွက်ကစားတဲ့ ကစားသမားကတော့ ချဲလ်ဆီးကစားသမားဟောင်းတဦးဖြစ်တဲ့ ဖရန့်လမ်းပတ်ဖြစ်ပြီး ၁၆၄ ပွဲဆက်တိုက် ပွဲထွက်ကစားခဲ့ပါတယ်။
3 years Ago
Up