၇၃၅

February 20, 2020

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၅,၇၃၅ ဦးနှင့် သေဆုံးသူ ၂,၁၂၉ ဦးရှိပြီ

Covid-19 ကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ ၂,၁၂၉ ဦး ရှိပြီး ကူးစက်ခံရသူ ၇၅,၇၃၅ ဦးရှိတယ်လို့Worldometer  ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။  ကူးစက်ခံရပြီး ပြန်ကောင်းလာသူဟာလည်း ၁၆,၅၀၇ ယောက် ရှိတယ်လို့  အဲဒီဝက်ဘ်ဆိုက်အရ သိရပါတယ်။  ဖေဖော်ဝါရီ ၁၉ ရက်က ဟူဘေးပြည်နယ်မှာ Covid-19 ကြောင့် သေဆုံးသူ နောက်ထပ် ၁၀၈ ယောက် ရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ပါ တယ်။   ဒါ့အပြင် Diamond Princess အပျော်စီးသင်္ဘောပေါ်က Covid-19  ကူးစက်ခံခရီးသည် နှစ်ယောက်လည်း သေဆုံးခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောခဲ့သလို ဟောင်ကောင်မှာလည်း Covid-19 ကြောင့် ဒုတိယမြောက်လူနာ သေဆုံးခဲ့ပါ တယ်။  အလားတူ ထိုင်ဝမ် ၊ အီရန် ၊ ဖိလစ်ပိုင်နဲ့ ပြင်သစ်တို့မှာလည်း တစ်ယောက်စီ သေဆုံးခဲ့ပါတယ်။   Covid-19 ကြောင့် တရုတ်ပြည်မကြီးပြင်ပမှာ သေဆုံးသူ ၈ ယောက်အထိ ရှိလာတယ်လို့ စီအန်အန် သတင်းမှာဖော်ပြထားပါတယ်။  
1 year Ago
Up